သုံးရလွယ်ကူစေသည့် Link များ

အာဆီယံ ၄၅ နှစ်ပြည့်


အာဆီယံအစည်းအဝေးတက်ရောက်လာသည့် နိုင်ငံခြားရေးဝန်ကြီးများဖြစ်သော Marty Natalegawa (ယာ) နှင့် Edward Nalbandian (ဝဲ) (၀၈၊၀၈၊၁၂)
အာဆီယံအစည်းအဝေးတက်ရောက်လာသည့် နိုင်ငံခြားရေးဝန်ကြီးများဖြစ်သော Marty Natalegawa (ယာ) နှင့် Edward Nalbandian (ဝဲ) (၀၈၊၀၈၊၁၂)
အရှေ့တောင်အာရှအသင်း ASEAN အသင်းကြီး တည်ထောင်မှု ၄၅ နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားကို ဗုဒ္ဓဟူးနေ့တုန်းက ASEAN ရုံးချုပ်ရှိရာ Indonesia နိုင်ငံ Jakarta မြို့တော်မှာ ပြုလုပ်ခဲ့ပါတယ်။

အာဆီယံအလံ လွှင့်တင်တဲ့ အခမ်းအနားကို အာဆီယံအတွင်းရေးမှူးချုပ် Surin Pitsuwan၊ လက်ရှိ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ Marty Natalegawa နဲ့ အာဆီယံဆိုင်ရာ သံအမတ်ကြီးတွေ တက်ရောက် ကြပါတယ်။ စိန်ခေါ်မှုတွေ၊ အခွင့်အလမ်းတွေနဲ့ ၄၅ နှစ်ကြာဖြတ်သန်းခဲ့တဲ့ အာဆီယံအဖွဲ့ကြီးဟာ နောင် ကိုလည်း အခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်ပြီး အခက်အခဲတွေကို ကျော်လွှားသွားမှာဖြစ်တယ်လို့ လက်ရှိအာဆီယံဥက္ကဋ္ဌ မာတီ နာတာလေဂါဝါက ပြောကြားခဲ့ပါတယ်။

အာဆီယံ အတွင်းရေးမှူးချုပ် Surin Pitsuwan ကလည်း ခေါင်းဆောင် ၅ ယောက် အာဆီယံ အသင်းကြီးကို စတင်တည်ထောင်ခဲ့ပြီး ကတည်းက ဒေသတွင်း တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုနဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေဖြစ်အောင် ဆောင်ရွက်လာခဲ့ကြတယ်လို့ အခမ်းအနားမှာ ပြောသွားပါတယ်။
မြန်မာနိုင်ငံ အပါအဝင် အဖွဲ့ဝင် ဆယ်နိုင်ငံပါဝင်တဲ့ အာဆီယံအဖွဲ့ကြီးကို လူဦးရေ သန်းပေါင်း ၆၀၀ ရှိတဲ့ မိသားစုကြီးတခုအဖြစ် အာဆီယံ ခေါင်းဆောင်တွေက ဖော်ပြ ပြောဆိုနေကြပါတယ်။

အာဆီယံအသင်းကြီးရဲ့ စုစုပေါင်း စီးပွားရေးအင်အားက ဒေါ်လာ သန်းပေါင်းနှစ်သန်း လောက်ရှိ ပါတယ်။ အာဆီယံက အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်တဲ့မူကြောင့် မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေအပေါ် အရင် စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေနဲ့ ပတ်သက်လို့ အာဆီယံ အဖွဲ့ဟာ ဝေဖန်ပြောဆိုမှုတွေကိုလည်း တော်တော်လေး ခံခဲ့ရပါတယ်။
XS
SM
MD
LG