သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ ၄၆ နှစ်ပြည့် အမေရိကန်သဝဏ်လွှာပို့


အာဆီယံနိုင်ငံခါင်းဆောင်များကို အိန္ဒိယနိုင်ငံတွင်ကျင်းပတဲ့ အာဆီယံအစည်းအဝေးတွင် တွေ့ရစဉ်က ။ (ဒီဇင်ဘာ ၂၀၊ ၂၀၁၂)
အာဆီယံနိုင်ငံခါင်းဆောင်များကို အိန္ဒိယနိုင်ငံတွင်ကျင်းပတဲ့ အာဆီယံအစည်းအဝေးတွင် တွေ့ရစဉ်က ။ (ဒီဇင်ဘာ ၂၀၊ ၂၀၁၂)
သြဂုတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့အတွက် အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ အမေရိကန် ပြည်သူတွေကိုယ်စား အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီ (John Kerry) က ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ ဒေသတွင်း လုံခြုံရေးကို ဆောင်ရွက်ရာမှာ အာဆီယံအဖွဲ့ဟာ အရေးပါလာသလို၊ အာရှဒေသအတွင်းမှာလည်း အခန်းကဏ္ဍ တိုးမြှင့်လာတယ်လို့ မစ္စတာကယ်ရီက ထုတ်ပြန်ထားပါတယ်။

အာဆီယံ ဒေသဖော်ရမ်နဲ့ အရှေ့အာရှ ထိပ်သီးညီလာခံလိုမျိုး အာရှဒေသရဲ့ နိုင်ငံစုံ အခန်းကဏ္ဍမှာ အာဆီယံအဖွဲ့ဟာ အဓိက ဖြစ်တယ်လို့လည်း ဖော်ပြပါတယ်။ သန်း ၆၀၀ ပြည်သူရှိတဲ့ အာဆီယံဒေသ အဖွဲ့အစည်းနဲ့ အမေရိကန် ပြည်ထောင်စုဟာ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်သလို၊ အကူအညီပေးသွားဖို့လည်း အလေးအနက် ပိုင်းဖြတ်ထားတယ်လို့ မစ္စတာ ကယ်ရီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းကို ၁၉၆၇ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာပါ။ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ စင်္ကာပူ၊ ဖိလစ်ပိုင် ဒီ ၅ နိုင်ငံနဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ အစောပိုင်း စစ်အေးကာလတွေ အတွင်းမှာတော့ ကွန်မြူနစ် ဆန့်ကျင်ရေး အယူအဆအားကောင်းတဲ့ အဖွဲ့အစည်း ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းခဲ့ပြီး စီးပွားဖွံ့ဖြိုးမှု အလျှင်အမြန် တိုးတက်လာတဲ့ နိုင်ငံတွေဖြစ်လာသလို၊ စစ်အေးအလွန်မှာတော့ ဗီယက်နမ်၊ လာအို စတဲ့ ကွန်မြူနစ်နိုင်ငံတွေပါ ပူးပေါင်းလာခဲ့ပါတယ်။

မြန်မာနိုင်ငံကတော့ ၁၉၉၇ ခုနှစ်မှာ အာဆီယံ အဖွဲ့ဝင် နိုင်ငံဖြစ်လာခဲ့တာပါ။ အဲဒီတုန်းကတော့ စစ်အာဏာရှင် မြန်မာနိုင်ငံကို အာဆီယံအသင်းက အဖွဲ့ဝင်အဖြစ် လက်ခံခဲ့တယ်ဆိုပြီး၊ အာဆီယံအသင်းကြီးဟာ အနောက်နို်င်ငံတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုကို ခံခဲ့ရပါတယ်။
XS
SM
MD
LG