မြန်မာ

အာဆီယံဦးဆောင်သူများ အစည်းအဝေး ဒေါ်စု မိန့်ခွန်းပြောမည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ Sorbonne တက္ကသိုလ် ဆွေးနွေးပွဲတခု တက်ရောက်နေစဉ်။ (ဇွန်လ ၂၈၊ ၂၀၁၂) ဓာတ်ပုံ - အေပီမြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ Sorbonne တက္ကသိုလ် ဆွေးနွေးပွဲတခု တက်ရောက်နေစဉ်။ (ဇွန်လ ၂၈၊ ၂၀၁၂) ဓာတ်ပုံ - အေပီ
x
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ Sorbonne တက္ကသိုလ် ဆွေးနွေးပွဲတခု တက်ရောက်နေစဉ်။ (ဇွန်လ ၂၈၊ ၂၀၁၂) ဓာတ်ပုံ - အေပီ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ Sorbonne တက္ကသိုလ် ဆွေးနွေးပွဲတခု တက်ရောက်နေစဉ်။ (ဇွန်လ ၂၈၊ ၂၀၁၂) ဓာတ်ပုံ - အေပီ

မီဒီယာ

အသံ
TEXT SIZE - +
ဗွီအိုအေ (မြန်မာဌာန)
အခုနှစ်နှောင်းပိုင်း မြန်မာနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ASEAN 100 Leadership Forum လို့ အမည်ပေးထားတဲ့ အာဆီယံ ဒေသတွင်း ဦးဆောင်သူများ ညီလာခံကို နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ကြောင်း ညီလာခံ ကျင်းပရေး တာဝန်ရှိသူတွေက ပြောပါတယ်။
 
ညီလာခံကို ဒီဇင်ဘာလ ၅ ရက် နဲ့ ၆ ရက် နေ့တွေမှာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ညီလာခံမှာ မိန့်ခွန်းပြောကြားမှာ ဖြစ်သလို ဒုတိယနေ့မှာတော့ ညီလာခံ တက်ရောက်သူတွေနဲ့ အပြန်အလှန် ဆွေးနွေးစကားပြောဆိုဖို့ ရှိတဲ့အကြောင်း ဒီဆွေးနွေးပွဲ ကျင်းပဖို့ တာဝန်ယူထားတဲ့ Asia Inc အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
 
ညီလာခံရဲ့ ပထမနေ့မှာ သမ္မတကြီး ဦးသိန်းစိန်လည်း တက်ရောက် မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ အခုနှစ်ညီလာခံမှာ ကမ္ဘာပေါ်က အရှုပ်အထွေးကိစ္စတွေ၊ အာရှရဲ့တိုးတက်မှု၊ ဒီနေရာကနေ ဘယ်ကိုသွားကြမှာလဲ ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
 
ဒီနှစ်ညီလာခံဟာ ကမ္ဘာကြီးနဲ့ ပြန်လည် ထိတွေ့ ဆက်ဆံမှုပြုတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတခုအတွင်း အရေးကြီးတဲ့အချိန်မှာ ကျင်းပတာ ဖြစ်တယ်လို့ တာဝန်ယူကျင်းပတဲ့ Asia Inc ကုမ္ပဏီ အကြီးအကဲ Dato Paduka Timothy Ong က ပြောပါတယ်။
 
Timothy Ong ဟာ သြဂုတ်လ ၁၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဒီညီလာခံကို ၂၀၀၃ ခုနှစ်ကစပြီး အာဆီယံ နိုင်ငံတွေမှာ ကျင်းပခဲ့တာပါ။ အာဆီယံ ခေါင်းဆောင်တွေ၊ ဒေသတွင်းမှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ရင်နှီးမြှုပ်နှံသူတွေ၊ အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ တက်ရောက်ကြတာ ဖြစ်ပါတယ်။

အပတ်စဉ် တီဗွီမဂ္ဂဇင်း

Loading
๑๒:๐๐:๐๐ / -:--:--
နောက်ဆုံးရ တပတ်အတွင်း မြန်မာနဲ့ နိုင်ငံတကာသတင်းများ၊ လယ်သမားများ မြေယာသိမ်းခံရခြင်းနဲ့ ပတ်သက်၍ ၈၈ မျိုးဆက်အဖွဲ့ဝင် ကိုထွန်းမြင့်အောင်နဲ့ တွေ့ဆုံမေးမြန်းခန်း နဲ့ နိုင်ငံတကာ ထင်ပေါ်ကျော်ကြားသူများအကြောင်း သက်တန့်ရောင်သတင်လွှာ ...         

ကမ္ဘာ့သတင်း စက္ကန့် ၆၀

Loading
๑๒:๐๐:๐๐ / -:--:--