သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ် အငြင်းပွားမှု အာဆီယံ သဘောတူညီမှု မရ


ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ အစည်းအဝေးတက်ရောက်လာကြသော အာဆီယံအဖွဲ့ဝင် ခေါင်းဆောင်များ။ (၁၁၊ ၁၉၊ ၂၀)။
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ အစည်းအဝေးတက်ရောက်လာကြသော အာဆီယံအဖွဲ့ဝင် ခေါင်းဆောင်များ။ (၁၁၊ ၁၉၊ ၂၀)။
ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ထိပ်သီးစည်းဝေးပွဲကျင်းပနေကြတဲ့ အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်တွေအကြား တောင်တရုတ်ပင်လယ်ထဲမှာ နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး အခုတကြိမ်မှာလည်း သဘောတူညီ ချက်မရခဲ့ကြပါဘူး။

အရှေ့အာရှနဲ့ အာဆီယံထိပ်သီးအစည်းအဝေးတွေကို အင်္ဂါနေ့မှာ အဆုံးသတ်ဖို့ ခေါင်းဆောင်တွေ ပြင် ဆင်နေကြတာနဲ့အမျှ ကြေညာချက်မူကြမ်းအပေါ် ဖိလစ်ပိုင်နိုင်ငံက ကန့်ကွက်ခဲ့ပါတယ်။

နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတဲ့ကိစ္စကို နိုင်ငံတကာ ကိစ္စရပ်တခုအဖြစ် မလုပ်ကြဖို့ သက်ဆိုင်တဲ့နိုင်ငံအားလုံးက သဘောတူထားတယ်လို့ ဖိလစ်ပိုင်နိုင်ငံက ပြောပါတယ်။
အာဆီယံရဲ့လက်ရှိဥက္ကဋ္ဌဖြစ်ပြီး တရုတ်နိုင်ငံနဲ့ အနီးကပ် မဟာမိတ်နိုင်ငံတခုဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံက ဖြန့်ဝေခဲ့တဲ့ ဆုံးဖြတ် ချက်မူကြမ်းမှာ ဖော်ပြထားတာနဲ့ မတူဘဲ အဲဒီကိစ္စရပ်အပေါ် အားလုံးရဲ့သဘောတူညီချက် မရခဲ့ဘူးလို့ ဖိလစ်ပိုင်နိုင်ငံခြားရေး ဝန်ကြီး Albert del Rosario က ပြောပါတယ်။

အခုလိုအခြေအနေမျိုးဟာ ဇူလိုင်လတုန်းကလည်း ဖြစ်ခဲ့ဖူးပြီး အဲဒီတုန်းကတော့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ကန့်ကွက်မှုကြောင့် အာဆီယံဝန်ကြီးတွေအကြား သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပူးတွဲကြေညာချက် တရပ်ထုတ်ပြန်ဖို့ သဘောတူညီချက် မရခဲ့ကြ ပါဘူး။ ကမ္ဘောဒီးယားနိုင်ငံက နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုကိစ္စ ဆွေးနွေးတာတွေကို ကြေညာချက်ထဲမှာ ထည့်သွင်း ဖော်ပြဖို့ သဘောမတူခဲ့တာပါ။
XS
SM
MD
LG