သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်သမ္မတ အဖြစ် Ashraf Ghani ကို ရွေးချယ်


သမ္မတသစ်အဖြစ် ရွေးချယ်ခံရသူ Ashraf Ghani (ယာ) နဲ့ သမ္မတရဲ့ အနီးကပ်ဆောင်ရွက်ရမယ့် အမှုဆောင်အရာရှိသစ်ဖြစ်လာမယ့် မစ္စတာ Abdullah Abdullah (ဝဲ)
သမ္မတသစ်အဖြစ် ရွေးချယ်ခံရသူ Ashraf Ghani (ယာ) နဲ့ သမ္မတရဲ့ အနီးကပ်ဆောင်ရွက်ရမယ့် အမှုဆောင်အရာရှိသစ်ဖြစ်လာမယ့် မစ္စတာ Abdullah Abdullah (ဝဲ)

Afghanistan နိုင်ငံမှာ ဘဏ္ဍာရေးဝန်ကြီးဟောင်း Ashraf Ghani ကို သမ္မတအဖြစ် ရွေးချယ်လိုက်ပြီလို့ Afghan နိုင်ငံရဲ့ လွတ်လပ်သော ရွေးကောက်ပွဲ ကော်မရှင်က ကြေညာလိုက်ပါတယ်။ ရွေးကောက်ပွဲ မဲအရေအတွက်ကိုတော့ မကြေညာသေးပါဘူး။

အာဖဂန်နစ္စတန်နိုင်ငံမှာ သမ္မတရာထူး ယှဉ်ပြိုင်ခဲ့ကြသူတွေဖြစ်တဲ့ Ashraf Ghani နဲ့ Abdullah Abdullah တို့ဟာ ဇွန်လ ၁၄ ရက်နေ့ ဒုတိယအကျော့ ရွေးကောက်ပွဲနောက်ပိုင်းမှာ သီတင်းပတ်ပေါင်းများစွာ နိုင်ငံရေး အခြေအတင် ဆွေးနွေးနေခဲ့ကြပြီးနောက် အမျိုးသား ညီညွတ်သော အစိုးရအဖွဲ့ ဖွဲ့စည်းဖို့ အာဏာ ခွဲဝေအုပ်ချုပ်ရေး သဘောတူညီမှု လက်မှတ်ရေးထိုးလိုက်တာပါ။ တနင်္ဂနွေနေ့မှာ လက်မှတ်ရေးထိုးတဲ့ သဘောတူညီမှုအရ မစ္စတာ Ghani က သမ္မတနေရာကို ရမှာဖြစ်ပြီး မစ္စတာ Abdullah တော့ နိုင်ငံအုပ်ချုပ်ရေးမှာ သမ္မတနဲ့ နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်ရမယ့် အမှုဆောင်အရာရှိသစ် နေရာကို ရရှိမှာဖြစ်ပါတယ်။

သဘောတူညီမှု အသေးစိတ်ကို အများပြည်သူ သိရှိအောင် မထုတ်ပြန်သေးပါဘူး။ ၂၀၀၁ ခုနှစ် နောက်ပိုင်းမှာ အမေရိကန်ဦးဆောင်တဲ့ တပ်ဖွဲ့တွေ တာလီဘန်အစိုးရကို ဖြုတ်ချပြီးကတည်းက သမ္မတအဖြစ်အုပ်ချုပ်ခဲ့တဲ့ မစ္စတာ ဟာမစ်ကာဇိုင်း နေရာကို အခု မစ္စတာ Ghani က အစားထိုးရယူမှာ ဖြစ်ပါတယ်။

XS
SM
MD
LG