သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှမြို့ကြီးတွေ စိမ်းလန်းဖို့လို


အာရှဒေသအနေနဲ့ အနာဂတ်မှာ သဘာ၀ ပတ်ဝန်းကျင် ယိုယွင်း ပျက်စီးမှုတွေ နဲ့ ကြုံရလိမ့်မယ်လို့လည်း ADB အာရှဖွံ့ဖြိုးရေးဘဏ် က သတိပေးပါတယ်။
အာရှဒေသအနေနဲ့ အနာဂတ်မှာ သဘာ၀ ပတ်ဝန်းကျင် ယိုယွင်း ပျက်စီးမှုတွေ နဲ့ ကြုံရလိမ့်မယ်လို့လည်း ADB အာရှဖွံ့ဖြိုးရေးဘဏ် က သတိပေးပါတယ်။
အာရှဒေသမှာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာနေတဲ့ မြို့ကြီးတွေ အနေနဲ့ ရေကြီးမှု နဲ့ လေထု ညစ်ညမ်းမှုကို မထိန်းသိမ်းနိုင် တာမျိုး သဘာ၀ ဘေးအန္တရာယ်တွေကနေ ကာကွယ်နိုင်ဖို့ အတွက် မြို့တွင်း သဘာ၀ ပတ်ဝန်းကျင် စိမ်းလန်းအောင် ဆောင်ရွက်ကြရလိမ့်မယ်လို့ ADB အာရှဖွံ့ဖြိုးရေးဘဏ် ရဲ့ အစီရင်ခံစာသစ်တစောင်က သတိပေးထားပါတယ်။ တခြားဒေသတွေထက် ပိုတဲ့ အမြန်နှုန်းနဲ့ မြို့ပြ တည်ဆောက် လာနေတဲ့ အာရှဒေသ ဟာ ကမ္ဘာပေါ်က မြို့တွင်းနေထိုင်သူဦးရေ စုစုပေါင်းရဲ့ တဝက်နီးပါး ရှိတဲ့ဒေသ ဖြစ်နေပြီလို့ အဲဒီ အစီရင်ခံစာက ဆိုပါတယ်။

ဆယ်စုနှစ်တခုကျော် လောက် ကာလအတွင်းမှာတင် ကမ္ဘာတဝှမ်း မြို့ကြီး ၃၇ ခုထဲမှာ ၂၁ ခုက အာရှဒေသမှာ ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မကြုံစဖူး မြို့ပြလူဦးရေ တိုးတက်မှုဟာ နိုင်ငံအတွက် အကုန်အကျ များစေသလို လေထုညစ်ညမ်းမှု၊ ဆင်းရဲသား ရပ်ကွက်တွေ သိသိသာသာ တိုးလာစေပြီးတော့ စီးပွားရေးနဲ့ လူမှုရေးအဆင့်အတန်း ကွာဟမှုတွေလည်း ကျယ်ပြန့် လာစေတယ်လို့ ADB ဘဏ်က ပြောပါတယ်။

ဒီမြို့ကြီးတွေကို ပိုပြီးတော့ ရေရှည်ခံအောင် မတည်ဆောက်နိုင်ဘူးဆိုရင် အာရှဒေသအနေနဲ့ အနာဂတ်မှာ သဘာ၀ ပတ်ဝန်းကျင် ယိုယွင်း ပျက်စီးမှုတွေ နဲ့ ကြုံရလိမ့်မယ်လို့လည်း ADB က သတိပေးပါတယ်။ လက်ရှိ အခြေအနေအတိုင်း ဆက်သွားနေမယ်ဆိုရင် ၂၀၂၅ ခုနှစ်လောက်မှာ အာရှ မြို့ကြီးတွေက လူဦးရေ သန်း ၄၀၀ လောက်ဟာ ကမ်းရိုးတန်း ရေကြီး ရေလျှံမှုတွေ ကြုံရနိုင်တဲ့ အန္တရာယ် ရှိနေပြီး လူဦးရေ သန်း ၃၅၀ လောက်ကတော့ ကုန်တွင်းပိုင်း ရေကြီးမှုတွေနဲ့ ကြုံကောင်း ကြုံကြရမယ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
XS
SM
MD
LG