သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှစီးပွားရေး ရှေ့နှစ်တိုးတက်မည့် အလားအလာရှိ


အာရှစီးပွားရေး တိုးတက်လာပေမဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အခြေအနေမှာတော့ ခြိမ်းခြောက်မှုတွေ ရှိနေဆဲ။
အာရှစီးပွားရေး တိုးတက်လာပေမဲ့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အခြေအနေမှာတော့ ခြိမ်းခြောက်မှုတွေ ရှိနေဆဲ။
လာမယ့်နှစ်အတွင်း အာရှတိုက်ရဲ့ စီးပွားရေးဟာ တိုးတက်လာမယ့် လမ်းကြောင်းပေါ် မှာ ရောက်ရှိနေကြောင်း အာရှဖွံ့ဖြိုးရေးဘဏ် ADB ရဲ့ အစီရင်ခံစာ အသစ်မှာ ဖော်ပြထားပါတယ်။

အာရှတိုက်ရဲ့ ဖွံ့ဖြိုးမှုနှုန်းဟာ ၂၀၁၂ ခုနှစ်မှာ ၆% ရှိခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ၆.၆% ရှိနိုင်တယ်လို့ Asian Development Outlook Supplement မှာ ခန့်မှန်း တင်ပြထားပါတယ်။

အရှေ့တောင်အာရှက ဝယ်ယူအသုံးပြုမှု စွမ်းအား တိုးများလာနေပြီး အိန္ဒိယမှာ စီးပွားရေး အားနည်းမှုရှိပေမဲ့ တရုတ်နိုင်ငံဘက်က ပြန်လည် နာလန်ထူလာမှုတွေက အခြေအနေတွေကို ထိန်းထားနိုင်တယ်လို့ အစီရင်ခံစာက ရေးသားထားပါတယ်။

ဥရောပတိုက်မှာ စီးပွားရေး အားမကောင်းတဲ့ အခြေအနေ ဖြစ်နေတာနဲ့ အမေရိကန်နိုင်ငံမှာ ဘဏ္ဍာရေး ခြောက်ကမ်းပါး ကျနိုင်တဲ့ ပြဿနာတွေက အာရှတိုက်ရဲ့ ရှေ့လာမယ့်နှစ် ဖွံ့ဖြိုးတိုးတက်ရေးကို တကယ်တမ်း ခြိမ်းခြောက်နေတဲ့ ကိစ္စဖြစ်နေတယ်လို့ ADB အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
XS
SM
MD
LG