မကြာသေးခင်နှစ်တွေအတွင်း အာရှပစိဖိတ်ဒေသတွေမှာ HIV/AIDS ရောဂါအသစ် ကူးစက်မှုနှုန်း ကျဆင်းရေး ဆောင်ရွက်မှုတွေမှာ တိုးတက်မှု အနည်းငယ်သာ ရရှိတယ်ဆိုပြီး ကုလသမဂ္ဂက အသစ်ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒါ့ပြင် AIDS ရောဂါနဲ့ ဆက်စပ်နေတဲ့ ပြဿနာတွေကို အစိုးရတွေ ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ နိုင်ငံရေး ခံယူချက်တခုအနေနဲ့ ဆောင်ရွက်ဖို့ AIDS ရောဂါအရေး လှုပ်ရှားသူတွေနဲ့ သုတေသီတွေက တိုက်တွန်းနေတယ်ဆိုတဲ့အကြောင်း ဘန်ကောက်မြို့ကနေ Ron Corben သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို မမေစန္ဒီက တင်ပြထားပါတယ်။
HIV ဗိုင်းရပ်စ် ရောဂါပိုးရှိတဲ့ လူပေါင်း ၄ ဒဿမ ၉ သန်းဟာ အာရှပစိဖိတ်ဒေသတဝှမ်းနဲ့ အိန္ဒိယ၊ တရုတ်၊ အင်ဒိုနီးရှား နိုင်ငံတွေမှာ အများဆုံး အဖြစ်များတာကို တွေ့ရှိရတဲ့အကြောင်း ကုလသမဂ္ဂရဲ့ ပူးတွဲ အစီအစဉ်တခုကနေ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲ ဖော်ပြထားပါတယ်။ AIDS ရောဂါအသစ် ကူးစက်မှုနှုန်းဟာ ၂၀၀၁ ခုနှစ်ကစပြီး ၂၅ ရာခိုင်နှုန်းကျော် ကျဆင်းသွားတယ်လို့ ၁၁ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာကွန်ဂရက်ရဲ့ အာရှပစိဖိတ်ဒေသတွင်း AIDS ရောဂါဖြစ်ပွားမှု ဆွေးနွေးပွဲ ကျင်းပနေစဉ်နဲ့ တိုက်ဆိုင်ပြီး ထုတ်ပြန်လိုက်တဲ့ ဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အိန္ဒိယ၊ မြန်မာ၊ နီပေါ၊ ပါပူးဝါး နယူးဂီနီနဲ့ ထိုင်းနိုင်ငံတွေမှာတော့ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း HIV အသစ်ကူးစက်မှုနှုန်း ၅၀ ရာခိုင်နှုန်းကျော် လျော့ကျ သွားတယ်လို့ အဲဒီနိုင်ငံတွေကဆိုတဲ့အကြောင်း အစီရင်ခံစာထဲမှာ ဖော်ပြ ထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၂ ခုနှစ်အတွင်း HIV ရောဂါပိုးရှိသူ ၂ သိန်းရှိတဲ့အနက် အသက် ၁၅ နှစ်နဲ့ အထက်အမျိုးသမီး ၆ သောင်း ၃ ထောင်ပါဝင်ပြီး AIDS ရောဂါဝေဒနာနဲ့ သေဆုံးသူဦးရေ ၁ သောင်း ၂ ထောင် ရှိခဲ့တယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒါ့ပြင် ရောဂါပိုးအသစ် ကူးစက်သူဦးရေကလည်း ၂၀၀၁ ခုနှစ်မှာ ၉၈၀၀ ကနေနဲ့ ၁ သောင်း ၁ ထောင်အထိ၊ ၂၀၁၂ ခုနှစ်မှာ ၉၇၀၀ ကနေ ၁ သောင်း ၄ ထောင်ထိ ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
အင်ဒိုနီးရှား၊ ပါကစ္စတန်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာတော့ HIV ရောဂါပိုး အသစ်ကူးစက်မှုတွေဟာ သိသိသာသာ ပိုများလာတယ်ဆိုတဲ့ သက်သေအထောက်အထားတွေ တဖြည်းဖြည်း ထွက်ပေါ်လာနေပါတယ်။ ၂၀၀၈ ခုနှစ်ကတည်းကစပြီး အာရှပစိဖိတ်ဒေသတွင်း HIV ရောဂါပိုး အသစ်ကူးစက်မှုဟာ နှစ်စဉ် လူ ၃ သိန်းခွဲဝန်းကျင်မှာ ဆက်ရှိနေခဲ့တာပါ။
အခုလို ရောဂါအသစ် ကူးစက်မှု လျော့ပါးလာဖို့အတွက် ဆောင်ရွက်မှုတွေ ရပ်တန့်နေတာဟာ HIV ရောဂါပိုးအသစ် ပျံ့နှံ့ကူးစက်ခံရမှုနဲ့ ရောဂါကြောင့်သေဆုံးသူ မရှိရဘူးဆိုတဲ့ ကုလသမဂ္ဂရဲ့ ရည်မှန်းချက်တွေကို လျော့ပါးစေတဲ့အကြောင်း ကုလသမဂ္ဂရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ HIV/AIDS တိုက်ဖျက်ရေးအဖွဲ့ ညွှန်ကြားရေးမှူး Steve Kraus က အခုလို ပြောပါတယ်။
“အစီအစဉ်သစ်တခု လုပ်ဖို့ လိုနေပါပြီ။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ဒေသတွင်းမှာ ထပ်မံ ရောဂါကူးစက်မှုနှုန်း လျော့သွားတာကို မတွေ့ရပါဘူး။ အစိုးရရဲ့ ပေါ်လစီတွေ၊ လုပ်ပုံလုပ်နည်းတွေ၊ ဥပဒေတွေဟာ အဟန့်အတားတခု ဖြစ်နေတဲ့ ဒီလိုမျိုး ပိုနေမြဲ ကျားနေမြဲ ဖြစ်နေတဲ့အနေအထားကို ကျနော်တို့ စိန်ခေါ်ရပါလိမ့်မယ်။ ရောဂါကုသဖို့ အခွင့်အလမ်း မရှိသလို၊ ရောဂါကာကွယ်ရေး အစီအစဉ်တွေလည်း တိုးမြှင့်တာမျိုး မရှိပါဘူး။”
ဒေသတွင်းမှာရှိတဲ့ လူတွေအတွက် ARV ခေါ် HIV ရောဂါပိုး ထိန်းထားတဲ့ဆေးကို လူပေါင်း ၁ ဒဿမ ၂၅ သန်းကို တိုးပြီးပေးနိုင်တယ်ဆိုပေမဲ့ တကယ်တမ်း ရောဂါပိုးရှိသူတွေရဲ့ ၅၀ ရာခိုင်နှုန်းကိုသာ ပေးနိုင်သေး တာ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်ကစပြီး AIDS ရောဂါနဲ့ သေဆုံးသူဟာ ၁၈ ရာခိုင်နှုန်း ကျဆင်းသွားပြီး ၂၀၁၂ ခုနှစ်မှာ ခန့်မှန်းထားတဲ့အတိုင်း ၂ သိန်း ၇ သောင်းအထိ ကျသွားပါတယ်။
လိင်တူခြင်းဆက်ဆံတဲ့ အမျိုးသား ၂၇ သန်းမှာ ရောဂါပိုး ကူးစက်နိုင်တဲ့အန္တရာယ် တွေ့ရကြောင်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ အင်ဒိုနီးရှား၊ ပါကစ္စတန်နဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာတော့ မူးယစ်ဆေးဝါး သုံးသူတွေမှာ ဆေးထိုးအပ်ကတဆင့် HIV ရောဂါပိုးအသစ် ကူးစက်မှုနှုန်း မြင့်တက်လာရခြင်း ဖြစ်ပါတယ်။ ဒါ့ပြင် ခွဲခြားဆက်ဆံမှုတွေနဲ့ AIDS ရောဂါနဲ့ ဆက်နွယ်တဲ့ သေဆုံးမှုတွေနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ဆောင်ရွက်မှုတွေဟာ တိုးတက်မှု နည်းနေတယ်လို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ Seven Sister အဖွဲ့က ဒေသခံညှိနှိုင်းရေးမှူး Malu Marin က အခုလို ပြောပါတယ်။
“HIV ရောဂါပိုး ကူးစက်ခံရသူတွေအပေါ် ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့ အမူအကျင့်တွေကို ပြောင်းလဲနိုင်ခဲ့ပေမဲ့ ဥပေဒရေးဆွဲသူတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အာဏာပိုင်တွေရဲ့ အမူအကျင့်တွေကို မပြောင်းနိုင်သေးပါဘူး။ ကျမတို့ အဖွဲ့အစည်းက သက်သေပါ။ နှစ် ၃၀ ကြာပြီးတဲ့နောက် အခုထိ HIV ရောဂါပိုး ရှိသူတွေကို တယူသန် ကျင့်ဝတ်ရှုထောင့်တခုထဲကနေ မြင်နေဆဲ ဖြစ်ပါတယ်။ နိုင်ငံရေးအရ စိတ်ဆန္ဒပိုင်းဖြတ်ချက် မရှိဘူး။ ဥပဒေအရ ပြောင်းလဲမှုမရှိဘူး။ ဘာထောက်ပံ့မှုမှ မရှိဘူးဆိုရင် ဘာပြောင်းလဲမှုမှ ရမှာ မဟုတ်ပါဘူး။”
လိင်တူခြင်းဆက်ဆံမှု၊ လိင်လုပ်ငန်း လုပ်ကိုင်နေသူတွေကို ရာဇဝတ်မှုနဲ့ အရေးယူမှု၊ HIV ရောဂါပိုး ရှိနေသူတွေရဲ့ လှုပ်ရှားမှုတွေကို ကန့်သတ်မှုတွေနဲ့ပတ်သက်ပြီး ဥပဒေတွေကို ပြင်ဆင်ရေးဆွဲဖို့ လိုတယ်လို့ ကုလသမဂ္ဂ အရာရှိတွေက ရှုမြင်ကြပါတယ်။