သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသစ်မှာ သမ္မတ အာဏာရှိမှာ မဟုတ်ကြောင်း ဒေါ်စုပြော


ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအပြီး လူထုနဲ့တွေ့ဆုံ (နိုဝင်ဘာ ၉၊ ၂၀၁၅)
ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအပြီး လူထုနဲ့တွေ့ဆုံ (နိုဝင်ဘာ ၉၊ ၂၀၁၅)

အသစ်ပေါ်လာမယ့် လွှတ်တော်တွေကနေ ဘယ်သူ့ကိုပဲ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်သည်ဖြစ်စေ ဆုံးဖြတ်ချက်တွေကို ချမှတ်သွားမှာကတော့ သူပဲဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ သူဟာ အနိုင်ရပါတီရဲ့ ခေါင်းဆောင်ဖြစ်တာကြောင့် ဆုံးဖြတ်ချက်တွေအားလုံးကို ချမှတ်သွားမှာဖြစ်ပြီး သမ္မတရဲ့ အထက်ကနေ လုပ်ဆောင်သွားမယ်ဆိုတာ ရှင်းပါတယ်လို့ အင်္ဂါနေ့က စင်္ကာပူအခြေစိုက် Channel News Asia CNA သတင်း ဌာနနဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ သမ္မတမှာ ဘာလုပ်ပိုင်ခွင့်အာဏာမှ ရှိမှာမဟုတ်ဘူး လို့လည်း ဖြည့်စွက်ပြောဆိုပါတယ်။

နိုဝင်ဘာလ ၈ ရက်၊ တနင်္ဂနွေနေ့ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ NLD က ပြည်လုံးကျွတ်နီးပါး အနိုင်ရနေတဲ့ရလဒ်တွေ ထွက်လာနေချိန်မှာပဲ ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောတာလည်းဖြစ်ပါတယ်။

အဲဒါဟာ လုပ်ရမယ့် တခုတည်းသော နည်းလမ်းဖြစ်ကြောင်း၊ ဘာ့ကြောင့်လဲဆိုတော့ ဘယ်လို ဒီမိုကရေစီနိုင်ငံမျိုးမှာမဆို အနိုင်ရ ပါတီရဲ့ခေါင်းဆောင်ဟာ အစိုးရအဖွဲ့ခေါင်းဆောင် ဖြစ်တာပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ တကယ်လို့ ဒီ အခြေခံ ဥပဒေက အဲဒါကို ခွင့်မပြုဘူးဆိုရင် ပုံမှန် ဒီမိုကရေစီနည်းလမ်းအတိုင်း ရှေ့ဆက်သွားနိုင်အောင် လိုအပ်တာတွေ လုပ်သွားရမယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

သူပြောတဲ့ပုံစံနဲ့ လုပ်မယ်ဆိုရင် အစိုးရအဖွဲ့ရဲ့ လုပ်ငန်းလုပ်ဆောင်ချက်တွေပေါ် သက်ရောက်မှု မရှိဘူးလားဆိုတဲ့ မေးခွန်းကို တော့ ဘာ့ကြောင့် သက်ရောက်ရမှာလည်းလို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြီး မေးခွန်းထုတ်ပါတယ်။ ဘာ့ကြောင့်လည်းဆို အစိုးရအဖွဲ့တခုရှိနေမယ်၊ စနစ်တကျ လည်ပတ်လုပ်ဆောင်မယ်၊ သမ္မတအနေနဲ့ သူ ဘာလုပ်နိုင်တယ်ဆိုတာ အတိအကျ ပြောသွားမှာပဲဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

XS
SM
MD
LG