သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှားကမ်းလွန်မှာ ဒုက္ခသည်လှေ နစ်မြုပ်


အင်ဒိုနီးရှားနိုင်ငံ ဂျားဗားကျွန်း အနောက်တောင်ဘက်မှာ ဒုက္ခသည်တွေအပြည့် တင်ဆောင်လာပြီး သြစတြေးလျနိုင်ငံဘက်ကို ဦးတည် ခုတ်မောင်းနေတဲ့ မော်တော်ဘုတ်တစ်စီး နစ်မြုပ်သွားလို့ အင်ဒိုနီးရှားတာဝန်ရှိသူတွေက အသက်မသေ ကျန်ရစ်နိုင်သူတွေကို ကြိုးစား ရှာဖွေနေကြပါတယ်။

လောလောဆယ် အသက်ရှင်လျက် ဒုက္ခသည် ၁၅၀ ထက်မနည်းကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ကလေး ၂ ယောက်အပါအဝင် ၃ ယောက် သေဆုံးခဲ့ပြီး ဘယ်နှစ်ယောက် ပျောက်ဆုံးနေသလဲ ဆိုတာတော့ မသိရသေးပါဘူး။

အဲဒီမော်တော်ဘုတ်ဟာ အင်ဒိုနီးရှား တံငါရွာလေးတရွာကနေ အင်္ဂါနေ့က သြစတြေးလျနိုင်ငံ ခရစ္စမတ်ကျွန်းကို ဦးတည် ထွက်ခွာခဲ့ပြီး မကြာမီမှာပဲ လေပြင်းမုန်တိုင်းမိပြီး နစ်မြုပ်ခဲ့တာလို့ သြစတြေးလျ ပင်လယ်ရေကြောင်း လုံခြုံမှုဆိုင်ရာ အာဏာပိုင်အဖွဲ့က ပြောပါတယ်။

ကယ်ဆယ်ခဲ့သူတွေထဲမှာ တချို့က အီရန်နဲ့ အီရတ်နိုင်ငံကဖြစ်ပြီး တခြားသူတွေကတော့ အရှေ့တောင် အာရှနိုင်ငံတွေကလို့ ဆိုပါတယ်။
XS
SM
MD
LG