သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် သမ္မတအိုဘားမားနဲ့တွေ့ဆုံ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်သမ္မတအိုဘားမားတို့ သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံစဉ်။ (၀၉-၁၉-၁၂။)
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်သမ္မတအိုဘားမားတို့ သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံစဉ်။ (၀၉-၁၉-၁၂။)

အမေရိကန်မှာ သီတင်းသုံးပတ်နီးပါးကြာ ရောက်နေတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဘရက်ခ် အိုဘားမားတို့ တွေ့ဆုံခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ သီတင်း ၃ ပတ် နီးပါးကြာ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဟူးနေ့မှာတော့ သမ္မတ ဘရက်ခ် အိုဘားမားနဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှု အသေးစိတ်နဲ့ ပတ်သက်လို့တော့ တစုံတရာ ထုတ်ပြန်ခဲ့တာမျိုး မရှိပါဘူး။

အိမ်ဖြူတော် ပြောခွင့်ရသူ Jay Carney ကတော့ မြန်မာနိုင်ငံမှာ တရားမျှတပြီး ပွင့်လင်းမြင်သာမှု ရှိတဲ့ ဒီမိုကရေစီ အစိုးရတရပ် ပေါ်ထွန်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာလူထုရဲ့ လှုပ်ရှားမှုတွေ အပေါ် အမေရိကန် ပြည်ထောင်စုက နှစ်ပေါင်းများစွာ အားပေး ထောက်ခံမှုတွေကို ထပ်မံ အတည်ပြု ပေးနိုင်မယ့် အခွင့် အလမ်း တရပ်အဖြစ် ရည်ညွန်း ပြောဆိုသွားပါတယ်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းမှုတွေ အတွက် ချီးမြှင့်တဲ့ အမေရိကန် ကွန်ဂရက် လွှတ်တော်ရဲ့ ဂုဏ်ပြုဆုကို ဝါရှင်တန်ဒီစီ ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် လက်ခံရယူပါတယ်။ စစ်အစိုးရ လက်ထက် နေအိမ် အကျယ်ချုပ် နဲ့ ဖမ်းဆီးခံထားရချိန် ၂၀၀၈ ခုနှစ်မှာတုန်းက ချီးမြှင့်ထားတဲ့ ကွန်ဂရက် လွှတ်တော်ရဲ့ အရပ်သားတွေ ကို ပေးအပ်တဲ့ အမြင့်ဆုံး ရွှေတံဆိပ်ဆုကို လက်ခံရယူခဲ့တာပါ။

ဆုလက်ခံ ရယူချိန်မှာတော့ မြန်မာနိုင်ငံက ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို နှစ်ပေါင်းများစွာ အားပေး ခဲ့တဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည် က ကျေးဇူးတင်စကား ပြောဆိုသွားခဲ့သလို မြန်မာနိုင်ငံမှာ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီရေးအတွက် ပန်းတိုင်ကို မရောက်သေးတဲ့ အကြောင်းကိုလည်း ပြော ဆိုသွားပါတယ်။
XS
SM
MD
LG