သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ မူးယစ်ဂိုဏ်းအဖွဲ့ဝင် ၃၀ နီးပါး သြစတြေးလျမှာ ဖမ်းမိ


မူးယစ်ဂိုက်းအားဖမ်းဆီးစဉ် သိမ်းဆည်းရခဲ့သော အမျိုးအစား Lamborghini ကား။
မူးယစ်ဂိုက်းအားဖမ်းဆီးစဉ် သိမ်းဆည်းရခဲ့သော အမျိုးအစား Lamborghini ကား။
နိုင်ငံတကာ မူးယစ်ဆေးဝါးဂိုဏ်း အဖွဲ့ဝင် ၂ ဒါဇင်ကျော်ကို ဖမ်းဆီးလိုက်တယ်လို့ သြစတေးလျ ရဲတပ်ဖွဲ့က သောကြာနေ့မှာ ပြောပါတယ်။

Melbourne မြို့ဝန်းကျင်မှာ မသင်္ကာသူ ၂၇ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာပါ။ ဒီမူးယစ်ဂိုဏ်းရဲ့ လုပ်ငန်းတွေဟာ တရုတ်၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတွေအထိ ရောက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မူးယစ်ဂိုဏ်းအဖွဲ့ဝင်တွေထံက မူးယစ်ဆေးဝါးတွေ၊ Lamborghini ပြိုင်ကား၊ လက်ကိုင်အိတ်တွေနဲ့ အိမ်ယာမြေတွေအပါအဝင် အမေရိကန်ဒေါ်လာ ၁၀ သန်းနဲ့ညီမျှတဲ့ ပိုင်ဆိုင်မှုတွေကို မနှစ်က ဖမ်းဆီး ရမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အခု ဖမ်းခံထားရတဲ့ မသင်္ကာသူတွေဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မူးယစ်ဆေးဝါး ဖြန့်ချိ ရောင်းချမှုတွေနဲ့ အဲဒီ မူးယစ်ဆေးရောင်းပြီးရတဲ့ အမြတ်အစွန်းတွေကို ငွေဖြူပြန်ဖြစ်အောင် လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။

ဒီဖမ်းဆီးမှုဟာ ရာဇဝတ်လုပ်ငန်းက ရရှိတဲ့ ချမ်းသာကြွယ်ဝမှုတွေကို အာဏာပိုင်တွေအနေနဲ့ ပြန်လည် သိမ်းပိုက်လိုက်နိုင်တယ်ဆိုတာ ပြသလိုက်တာပဲလို့ သြစတေးလျ ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
XS
SM
MD
LG