သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားရေး တိုးတက်ဖို့ G-20 ဆွေးနွေး


စက်မှုထိပ်သီး G20 ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးတွေ သြစတြေးလျနိုင်ငံကို အစည်းအဝေးတက်ရောက်လာစဉ်။ (၀၉-၂၀-၁၄)
စက်မှုထိပ်သီး G20 ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးတွေ သြစတြေးလျနိုင်ငံကို အစည်းအဝေးတက်ရောက်လာစဉ်။ (၀၉-၂၀-၁၄)

G-20 စက်မှုထိပ်သီး နိုင်ငံ ၂၀ ရဲ့ ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ်အကြီးအကဲတွေဟာ Australia နိုင်ငံ Queensland ပြည်နယ် Cairns မြို့မှာကျင်းပခဲ့တဲ့ ၂ ရက်တာဆွေးနွေးပွဲကို ဒီကနေ့ပဲ အဆုံးသတ်လိုက်ကြပါတယ်။

နိုင်ငံတွေရဲ့ နှေးကွေးနေတဲ့ စီးပွားရေးအခြေအနေကို အထောက်အကူဖြစ်အောင် ရေတို စီးပွားထောက်ကူအစီအစဉ်တွေမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေ ပိုတိုးလုပ်ဆောင်ကြဖို့ GII ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အဦး အစပျိုးလုပ်ဆောင်မှုအစီအစဉ်တခုကို G20 ကိုယ်စားလှယ်တွေ ဆွေးနွေးပွဲအဆုံးမှာ ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။

အခွန်ရှောင်ဖို့ နိုင်ငံတကာကုမ္ပဏီကြီးတွေ အသုံးချနေတဲ့ အခွန်အကောက်ဆိုင်ရာ လုပ်ငန်းအားနည်းချက်တွေကို ပြင်ဆင်ဖို့ ကိစ္စကိုလည်း G-20 ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပါတယ်။ ကုမ္ပဏီတွေအနေနဲ့ ဝင်ငွေရတဲ့နေရာမှာ အခွန်ပေးဆောင်အောင်လို့ သေချာလုပ်ဆောင်ကြဖို့ ကမ္ဘာလုံးဆိုင်ရာ စနစ်တခုလိုအပ်တယ်လို့ ဒီဘဏ္ဍာရေးဆိုင်ရာ စည်းဝေးပွဲကို စီစဉ်ကျင်းပပေးတဲ့ Australia နိုင်ငံက ပြောပါတယ်။

လာမယ့်နိုဝင်ဘာလကျရင် Queensland ပြည်နယ် Brisbane မြို့မှာ G-20 နိုင်ငံခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပဖို့ ရှိပါတယ်။

XS
SM
MD
LG