သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျရေကြီးမှု ၂ ဦးသေဆုံး


သြစတြေးလျနိုင်ငံ မြောက်ပိုင်းမှာ ဆိုးရွားကြမ်းတမ်းတဲ့ ရာသီဥတု ဖောက်ပြန်မှုအတွင်း လူနှစ်ယောက် သေဆုံးခဲ့တယ်လို့ သြစတြေးလျအာဏာပိုင်တွေက ပြောလိုက်ပြီး သြစတြေးလျမြောက်ပိုင်း ဒေသခံတွေဟာလည်း ရေကြီးမှုကလွတ်အောင် စနေနေ့က စပြီး ဘေးသင့်ရာကို စတင်ပြောင်းရွှေ့နေကြပြီ ဖြစ်ပါတယ်။

New South Wales ပြည်နယ်က Kempsey နဲ့ Port Macquarie မြို့ခံတွေ အနေနဲ့ ရေကြီးနေစဉ်အတွင်းမှာ အတင့်မရဲကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ Port Macquarie မြို့မှာ ရေထဲက ဂေါက်သီးဘောလုံးတွေကို ကောက်ယူနေတဲ့ ဆယ်ကျော်သက်အရွယ် လူငယ်တယောက်ဟာ သောကြာနေ့တုန်းက ရေမြောင်းထဲကို မျောပါသွားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ရေကြီးမှုကြောင့် ပစိဖိတ် အဝေးပြေးလမ်းမတချို့နေရာတွေကို ပိတ်ထားလိုက်ရပြီး Macleay မြစ်ရေဟာ Kempsey မြို့မှာ တနင်္ဂနွေနေ့ကျရင် ၇ မီတာအထိ မြင့်တက်လာဖွယ် ရှိတယ်လို့ မိုးလေဝသကျွမ်းကျင်သူတွေက ပြောပါတယ်။
XS
SM
MD
LG