သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး မြန်မာပြည်သွားမည်


သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Julie Bishop

ယခုအပတ်အတွင်း သြစတေးလျ နိုင်ငံခြားရေးဝန်ကြီး (Julie Bishop) မြန်မာနိုင်ငံနဲ့ လာအိုနိုင်ငံကို ပထမဦးဆုံးအကြိမ် သွားရောက်မယ် လို့ သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံကို အင်္ဂါနေ့မှာ ရောက်မယ်လို့ သြစတေးလျနိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သမ္မတဦးသိန်းစိန်နဲ့ မြန်မာအစိုးရအဖွဲ့ဝင်တွေကို တွေ့ဆုံမယ်လို့ ပြောပါတယ်။ လာအိုနိုင်ငံမှာတော့ ပညာရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အမျိုးသမီး စွမ်းဆောင်မှု မြင့်မားရေးတွေဟာ အဓိက ဦးစားပေးတွေ ဖြစ်မယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ပြုပြင်ပြောင်းလဲရေး အထူးသဖြင့် ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ရရှိဖို့အတွက် ပညာရေး အခွင့်အလမ်းတွေ များများရ ဖို့ သြစတေးလျအနေနဲ့ အရေးကြီးတဲ့ အခန်းကနေ ပါဝင်နေပါတယ်။

ဒီလို အလည်အပတ် ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတာနဲ့ ဒီနှစ်အတွက် အာဆီယံဥက္ကဋ္ဌ ရာထူးအတွက် သြစတေးလျထောက်ခံမှုကို ဆက်ပြီးပြသွားမယ်လို့ ပြောပါတယ်။ နောက်ပြီး သြစတေးလျ စီးပွားရေး ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု တိုးတက်စေဖို့ မြန်မာနဲ့ သြစတေးလျ အစိုးရတွေအနေနဲ့ ဘာတွေ လုပ်ပေးနိုင်မလဲဆိုတာ မေးမြန်းသွားပါမယ်။

မငြိမ်သက်မှုတွေ ဖြစ်နေတဲ့ ရခိုင်ပြည်မှာ လုံခြုံရေးနဲ့ လူသားချင်းစာနာမှု လိုအပ်ချက်တွေအတွက် သြစတေးလျက ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ တိုက်တွန်းသွားမယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။ မနှစ်ကလည်း သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီး ဘော့ ကား (Bob Carr) မြန်မာနိုင်ငံကို နှစ်ရက်ကြာလည်ပတ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း မနှစ်က သြစတေးလျကို သွားရောက်လည် ပတ်ခဲ့ပါတယ်။

XS
SM
MD
LG