သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစွန်းရောက်နှိမ်နင်းရေး သြစတြေးလျ ထောက်လှမ်းရေး လုပ်ပိုင်ခွင့်ပိုပေး


သြစတြေးလျနိုင်ငံမှာတော့ IS အစ္စလာမ် အစွန်းရောက်အဖွဲ့နဲ့ အချိတ်အဆက် ရှိတဲ့လူတွေလို အစွန်းရောက်ဝါဒီတွေကို နှိမ်နင်းတဲ့နေရာမှာ ထောက်လှမ်းရေး အဖွဲ့အစည်းတွေကို လုပ်ပိုင်ခွင့်အာဏာ ပိုပေးတဲ့ ဥပဒေတရပ်ကို လွှတ်တော်က ပြဌာန်းလိုက်ပါတယ်။

ဒီကနေ့ ပြဌာန်းလိုက်တဲ့ နိုင်ငံတော်လုံခြုံရေး ဖြည့်စွက်ချက် ဥပဒေဟာ သတင်းလွတ်လပ်ခွင့်ကို ထိခိုက်စေတယ်ဆိုပြီး လူ့အခွင့်အရေး အဖွဲ့တချို့နဲ့ အတိုက်အခံတွေကတော့ ဝေဖန်ပါတယ်။

ဒီဥပဒေအရဆိုရင် အထူးထောက်လှမ်းရေး လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ဖွင့်ချသူကို ထောင်ဒဏ် ၁၀ နှစ်အထိ အပြစ်ပေးနိုင်ပါတယ်။ ဒီအချက်ကြောင့် သတင်းမီဒီယာသမားတွေ ထောင်ချခံရနိုင်တဲ့ အခြေအနေ ရှိနေတာပါ။

ဒီဥပဒေဟာ အများပြည်သူ အကျိုးစီးပွားနဲ့ ဆက်စပ်တဲ့ ကိစ္စရပ်တွေကို သတင်းရေးသားတဲ့ သတင်းမီဒီယာသမား အစစ်အမှန်တွေအပေါ် ရာဇဝတ်ပြစ်ဒဏ် သင့်စေပြီး အများပြည်သူ သိရှိပိုင်ခွင့်ကို ထိခိုက်နစ်နာစေမယ်လို့ သြစတြေးလျ သတင်းထောက်များသမဂ္ဂက ပြောပါတယ်။

ဒီဥပဒေအရ တာဝန်ရှိသူတွေအနေနဲ့ အခင်းဖြစ်ရပ်နဲ့ တိုက်ရိုက် မသက်ဆိုင်သူတွေရဲ့ ကွန်ပြူတာတွေကို ရှာဖွေဖို့၊ ရှာဖွေဝရန်း ရယူတာမှာ ပိုပြီး လွယ်ကူစေဖို့နဲ့ အထူးစစ်ဆင်ရေးတွေမှာ ပါဝင်တဲ့ ထောက်လှမ်းရေး အရာရှိတွေ အပြစ်ပေး အရေးယူခံရတာကနေ ကင်းလွတ်ခွင့်တချို့ ရစေမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အစိုးရကတော့ ဒီလွတ်လပ်ခွင့်ကို အာမခံပြီး လူထု ဘေးကင်းလုံခြုံစေဖို့အတွက် လုပ်နိုင်တာမှန်သမျှ လုပ်သွားဖို့ အစိုးရအနေနဲ့ ပိုင်းဖြတ်ထားတယ်လို့ ရှေ့နေချုပ် George Brandis ကဆိုပြီး ဘယ်လိုအခွင့်အရေးမျိုးကိုမှ ချိုးဖောက်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

XS
SM
MD
LG