သမ္မတ ဦးသိန်းစိန်ဟာ သြစတြေးလျနိုင်ငံကို ရောက်ရှိနေပြီး မတ်လ ၁၈ ရက်နေ့ တနင်္လာနေ့မှာ ကင်ဘာရာမြို့မှာ အစိုးရအရာရှိတွေနဲ့ စပြီး တွေ့ဆုံပါတယ်။ ဒီခရီးစဉ်က မြန်မာခေါင်းဆောင် တဦးအနေနဲ့ နှစ်ပေါင်း ၄၀ နီးပါးအတွင်း ပထမဆုံး သြစတြေးလျနိုင်ငံ ခရီးစဉ်လည်း ဖြစ်ပါတယ်။ ခရီးစဉ်အတွင်း နိုင်ငံရေး ပြုပြင် ပြောင်း လဲမှု၊ လူမှု ဖွံ့ဖြိုးရေးနဲ့ ကုန်သွယ်ရေး လုပ်ငန်းစဉ်တွေကို နှစ်နိုင်ငံ ဆွေးနွေးကြဖို့ ရှိနေပါတယ်။ တဘက်မှာလည်း လူ့အခွင့်အရေး အဖွဲ့တွေက ရိုဟင်ဂျာ မူဆလင်တွေ၊ လူနည်းစု တိုင်းရင်းသားအရေးတွေမှာ မြန်မာခေါင်းဆောင်တွေ အရေးယူ ဆောင်ရွက် လာစေဖို့ သြစတြေးလျအစိုးရ က ဖိအားပေးရေး တောင်းဆိုနေကြပါတယ်။ Sydney မြို့တော်ကနေ ဗွီအိုအေ သတင်းထောက် Phil Mercer ရဲ့ သတင်းလွှာကို မသိင်္ဂီထိုက် က တင်ပြထားပါတယ်။
မြန်မာအစိုးရရဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေကို သြစတြေးလျအနေနဲ့ အသိအမှတ် ပြုတဲ့အကြောင်းနဲ့ စစ်သံမှူးနဲ့ ကုန်သွယ်ရေး ကော်မရှင်နာ တယောက်ကို မြန်မာနိုင်ငံ စေလွှတ်မယ်လို့လည်း သြစတြေးလျက ပြောဆိုလိုက်ပါတယ်။
ဒီဖြစ်ထွန်းမှုတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး အခြေအနေ ခိုင်မာလာအောင် ဆက်လက် လုပ်ဆောင်နေတာတွေကို သြစတြေးလျနိုင်ငံက ပိုပြီး ထောက်ပံ့မှု ပေးလာတာတွေရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလဒ် (Julia Gillard) က ပြောဆိုပါတယ်။ ဒါပေမဲ့လည်း လက်နက်ရောင်းဝယ်မှု ကန့်သတ်ချက်ကိုတော့ ဆက်ပြီး ထားရှိဦးမှာပါ။
ဒီလုပ်ဆောင်ချက်က စစ်ရေး ဆက်ဆံရေး ပုံမှန်ဖြစ်စေရေးအတွက် ပထမအဆင့် ခြေလှမ်း
ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဂေးလဒ် က ပြောဆိုလိုက်ပြီး အထောက်အကူ ပေးတာတွေဟာ ဒီမိုကရေစီရေး လိုလားသူတွေအတွက် အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်တယ်လို့ လည်း ကြေညာလိုက်ပါတယ်။
“ဒီကနေ့ ကျမအနေနဲ့ ဝမ်းမြောက်ဝမ်းသာနဲ့ ကြေညာပေးချင်တာကတော့ အရေးကြီးတဲ့ ကျမတို့ရဲ့ အထောက်အပံ့ အစီအစဉ်သစ်တခုပါ။ ပြုပြင်ပြောင်းလဲရေးအတွက် နှစ်နိုင်ငံ ကြားအတူတကွ လုပ်ဆောင်ခြင်းလည်း ဖြစ်ပါတယ်။ ဒီမိုကရေစီ အဆောက်အအုံတွေ အားကောင်းလာဖို့ ၊ လူ့အခွင့်အရေးဆိုင်ရာ တိုးတက်လာအောင် သင်ကြားပေမယ့် သင်တန်းတွေ၊ စီးပွားရေး အုပ်ချုပ်မှု တိုးတက်လာစေဖို့နဲ့ ဥပဒေ စိုးမိုးရေးကို မြှင့်တင်ပေးဖို့အတွက် ဒေါ်လာ သန်း ၂၀ ပေးမှာ ဖြစ်ပါတယ်။”
သမ္မတ ဦးသိန်းစိန်ကလည်း သြစတြေးလျနိုင်ငံအနေနဲ့ မြန်မာ့ ဒီမိုကရေစီအရေးကို အကူအညီ အထောက်အပံ့တွေ ပေးကြဖို့ ပြောဆိုခဲ့ပါတယ်။ နှစ်နိုင်ငံ မိတ်ဖက်နိုင်ငံတွေ
ဖြစ်လာမယ်လို့ ယုံကြည် တဲ့အကြောင်းလည်း ဝန်ကြီးချုပ် ဂျူလီယာ ဂေးလဒ်နဲ့အတူ သတင်းစာ ရှင်းလင်းပွဲမှာ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
“မြန်မာနိုင်ငံကိုလည်း သြစတြေးလျနိုင်ငံလိုပဲ ငြိမ်းချမ်းမှု ရှိရှိနဲ့ ဒီမိုကရေစီ ထွန်းကား ပြီးတော့ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံဖြစ်ဖို့အတွက် ကျနော့်အနေနဲ့ စိတ်ရင်းစေတနာ မှန်မှန်နဲ့ ယုံကြည်မျှော်လင့်မိပါတယ်။ ဒါကြောင့် ကျနော်တို့နိုင်ငံအနေနဲ့ သြစတြေးလျနိုင်ငံ ကို နမူနာယူပြီး လေ့လာစရာတွေ အများကြီးရှိပါတယ်။ သြစတြေးလျနိုင်ငံကလည်း ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီ လမ်းခရီးအတွက် လိုအပ်တာတွေ ကူညီထောက်ပြပေး စရာတွေကို ကူညီပေးနိုင်မယ်။ အတွေ့အကြုံတွေကို ဖလှယ်ပေးနိုင်မယ်လို့ ကျနော့်အနေနဲ့ ယုံကြည်မျှော်လင့်မိပါတယ်။ ဒီကနေ့အချိန်ဟာဆိုရင် သြစတြေးလျနိုင်ငံနဲ့ မြန်မာနိုင်ငံ တို့အကြား မိတ်ဖက်ဖြစ်မှု ရင်းနှီးချစ်ကြည်မှုတွေ အတွက် စာမျက်နှာသစ် ဖွင့်လှစ်နိုင်တဲ့ အချိန်တခုဖြစ်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။”
လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ သမ္မတ ဦးသိန်းစိန်ရဲ့ ခရီးစဉ် အစမှာဘဲ Canberra မှာရှိတဲ့ မြန်မာသံရုံးနဲ့ လွှတ်တော်အဆောက်အဦးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ သြစတြေးလျ နဲ့ မြန်မာခေါင်းဆောင်တွေအကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မဆွေးနွေးခင် လူ့အခွင့်အရေးကိစ္စကို အရင် ပြောကြရမယ်ဆိုပြီး တောင်းဆိုခဲ့ကြပါတယ်။
မြန်မာ့အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ရာနဲ့ချီပြီး ရှိနေဆဲဖြစ်ပြီး ရိုဟင်ဂျာ မူဆလင်တွေ အပါအဝင် လူနည်းစု တိုင်းရင်းသားတွေအပေါ်မှာ စစ်တပ်က အကြမ်းဖက်မှုတွေ ကျူးလွန်နေပါတယ်ဆိုပြီးလည်း ဆန္ဒပြသူတွေက စွပ်စွဲ ပြောဆိုကြ ပါတယ်။
Sydney မြို့တော် Macquarie တက္ကသိုလ်က မြန်မာ့အရေး ကျွမ်းကျင်သူ စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင် တာနဲလ် (Sean Turnell) ကတော့ သြစတြေးလျအစိုးရ အနေနဲ့ ဒီစွပ်စွဲချက်တွေကို အရေးယူ လုပ်ဆောင်ရမယ်လို့ ပြောပါတယ်။
“ဒီကိစ္စက လူတိုင်း စိုးရိမ်ရမယ့် ကိစ္စပါ။ ဒါပေမဲ့လည်း သြစတြေးလျအတွက်ကတော့
သေချာပေါက် စိုးရိမ်ရမယ့် ကိစ္စ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နောက်ဆုံးတော့ ဒီလို လူတွေက ဒုက္ခသည်တွေအဖြစ်နဲ့ ဒီနိုင်ငံထဲကို ဝင်ရောက်လာကြလို့ပဲ ဖြစ်ပါတယ်။ ကျနော်ခန့်မှန်းလို့ ရသလောက်တော့ ဒီကိစ္စက သြစတြေးလျအနေနဲ့ မြန်မာသမ္မတ ကို ပြောဆိုနိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။”
ဗိုလ်ချုပ်ဟောင်းတဦးဖြစ်တဲ့ ဦးသိန်းစိန်ဟာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက် ပွဲအပြီး ၂၀၁၁ ခုနှစ် မတ်လက သမ္မတ ဖြစ်လာခဲ့သူပါ။ သြစတြေးလျ ခရီးစဉ်အတွင်း Canberra မြို့မှာ ဝန်ကြီးချုပ် ဂျူလီယာ ဂေးလဒ်နဲ့အတူ တခြား အကြီးတန်း အရာရှိတွေ၊ စီးပွားရေး ခေါင်းဆောင်တွေ နဲ့လည်း တွေ့ဆုံပါတယ်။
မြန်မာနိုင်ငံတွင်းကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပိုဝင်ရောက်လာအောင် မြှင့်တင်တဲ့ ခရီးစဉ်အဖြစ် နယူးဇီးလန်နိုင်ငံကို သွားရောက်တာကနေ သြစတြေးလျနိုင်ငံကို ဝင်ရောက် တာလည်း ဖြစ်ပါတယ်။
မြန်မာအစိုးရဟာ လမ်းတွေ၊ ဟိုတယ်တွေနဲ့ လေဆိပ်တွေ အပါအဝင် နိုင်ငံတွင်းက အခြေခံ အဆောက်အအုံတွေကို အလုံးစုံ ပြုပြင်ပြောင်းလဲရေး လုပ်ကိုင်ပြီး နိုင်ငံရဲ့ စီးပွားရေးကို
ပြန်လည် ဦးမော့လာစေဖို့အတွက် ဆောင်ရွက်လိုနေတာလည်း ဖြစ်ပါတယ်။