သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်လုံခြုံရေး သြစတြေးလျ ကူမည်


လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Scott Morrison
လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Scott Morrison

မြန်မာနိုင်ငံနယ်စပ်လုံခြုံရေး ပိုမိုခိုင်မာတောင့်တင်းဖို့ Australia အစိုးရက အကူအညီပေးမယ့် ၅ နှစ်စီမံကိန်းတရပ်ကို ဒီကနေ့ ထုတ်ပြန်
ကြေညာလိုက်ပါတယ်။ Australia အစိုးရနဲ့ မြန်မာအစိုးရကြား နားလည်မှုစာချွန်လွှာအရ မြန်မာနိုင်ငံရဲ့ နယ်စပ်ရေးရာ စီမံခန့်ခွဲရေး၊ အုပ်ချုပ်ရေး၊ သင်တန်းပို့ချရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ နည်းပညာနဲ့ နည်းစနစ်ပိုင်းအကူအညီပေးရေးတွေအတွက်ကို Australia လူဝင်မှုကြီးကြပ်ရေးဌာနက
အကူအညီတွေပေးမှာ ဖြစ်ပါတယ်။

ဒေသတွင်းနိုင်ငံတွေရဲ့ နယ်စပ်တွေ လုံခြုံမှ Australia နိုင်ငံရဲ့ နယ်စပ်တွေလည်း လုံခြုံခိုင်မာမယ်လို့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး Scott Morrison က ဒီကနေ့ နိုဝင်ဘာ၂၉ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။ Australia နိုင်ငံရဲ့ နယ်စပ်တွေမှာ ခြိမ်းခြောက်မှု အန္တရာယ်တွေ ပိုများလာနေပြီး လူကုန်ကူးမှု၊ အကြမ်းဖက်မှုနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုကျူးလွန်မှုတွေကို ဒေသတွင်းနှိမ်နှင်းနိုင်ဖို့ဟာ အရေးကြီးလာပြီလို့ ဝန်ကြီး Morrison က ဆိုပါတယ်။

နယ်စပ်လုံခြုံရေးအကူအညီပေးဖို့ သဘောတူခဲ့တဲ့ Australia နဲ့ မြန်မာအစိုးရကြား နားလည်မှုစာချွန်လွှာဟာ ၂ နိုင်ငံသံတမန်ဆက်ဆံရေးမှာ
နောက်ထပ်အရေးပါတဲ့ ခြေလှမ်းကို လှမ်းခဲ့တာလဲဖြစ်တယ်လို့လဲ ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။

XS
SM
MD
LG