သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်အထည်ချုပ်လုပ်သား ထောင်ပေါင်းများစွာ ဆန္ဒပြ


ဘင်္ဂလားဒေ့ရှ်အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွားနေစဉ်။
ဘင်္ဂလားဒေ့ရှ်အထည်ချုပ်စက်ရုံ မီးလောင်မှုဖြစ်ပွားနေစဉ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထောင်နဲ့ချီတဲ့ အထည်ချုပ်စက်ရုံအလုပ်သမားတွေဟာ အနည်းဆုံး လူပေါင်း ၁၁၀ သေဆုံးခဲ့ရတဲ့ စက်ရုံမီးလောင်မှုကို ကန့်ကွက်တဲ့အနေနဲ့ တနင်္လာနေ့က လမ်းတွေပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ အဓိက အဝေးပြေးလမ်းမကြီးတခုကို ပိတ်ဆို့ထားခဲ့ကြပြီး မြို့တော် ဒါကာရဲ့ အပြင်ဘက်က စက်ရုံတရုံကို ကျောက်ခဲတွေ နဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ စနေနေ့က ဖြစ်ပွားခဲ့တဲ့ Tazreen ဖက်ရှင်စက်ရုံ မီးလောင်မှုအတွင်း ရာနဲ့ချီတဲ့ စက်ရုံအလုပ်သမားတွေ ပိတ်မိနေခဲ့ ကြပြီး တချို့က ကယ်ဆယ်ရေးလုပ်သားတွေ ရောက်မလာခင် တိုက်ခန်းအမြင့်ပေါ်က မီးလွတ်အောင် ခုန်ချရင်း သေဆုံးသွားခဲ့ကြတာပါ။

အခုလို ဖြစ်ရတာဟာ အရေးပေါ်ထွက်ပေါက်တွေ အလုံအလောက်မရှိတာကြောင့် ဖြစ်တယ်လို့ မီးသတ်အရာရှိတွေက မှတ်ချက်ပေး ပြောကြားခဲ့ပါတယ်။ အခုထိတော့ ဘယ်ကစပြီး မီးလောင်မှုဖြစ်ခဲ့သလဲဆိုတာကို သေချာ မသိရသေးပါဘူး။ အစိုးရက မနက်ဖြန် အင်္ဂါနေ့ကို သေဆုံးခဲ့ရသူတွေ ရည်စူးပြီး နိုင်ငံတော်ရဲ့ ဝမ်းနည်းကြေကွဲဖွယ်နေ့အဖြစ် ကြေညာခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အထည်ချုပ် စက်ရုံ ပေါင်း ၄ ထောင်ကျော် ရှိပြီး နိုင်ငံတကာကို တင်ပို့ပေးနေတာ ဖြစ်ပါတယ်။ ဒီ အထည်ချုပ် စက်ရုံတွေကနေ ရတဲ့ နှစ်စဉ်ဝင်ငွေဟာ အမေရိကန် ဒေါ်လာ ဘီလီယံ ၂၀ ရှိပါတယ်ရှင်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက စက်ရုံတွေဟာ လုပ်ငန်းခွင် လုံခြုံစိတ်ချရမှု အခြေအနေ အလွန်အမင်း အားနည်းချွတ်ယွင်းပါတယ်။ ၂၀၀၆ ခုနှစ်ကစလို့ အခု အဖြစ်အထိဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ် စက်ရုံ မီးလောင်မှုတွေကြောင့် သေဆုံးခဲ့ရသူပေါင်း အနည်းဆုံး ၅၀၀ လောက် ရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
XS
SM
MD
LG