သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲ လူသေဆုံးမှုရှိ


အစိုးရဆန့်ကျင်သူတွေက မဲရုံတွေကို တိုက်ခိုက်ခဲ့ကြပြီး မဲရုံအတွင်းက ရွေးကောက်ပွဲဆိုင်ရာ ပစ္စည်းတွေကို မီးရှို့ပစ်ကြစဉ်။ (ဇန်နဝါရီ ၅၊ ၂၀၁၄)
အစိုးရဆန့်ကျင်သူတွေက မဲရုံတွေကို တိုက်ခိုက်ခဲ့ကြပြီး မဲရုံအတွင်းက ရွေးကောက်ပွဲဆိုင်ရာ ပစ္စည်းတွေကို မီးရှို့ပစ်ကြစဉ်။ (ဇန်နဝါရီ ၅၊ ၂၀၁၄)
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကျင်းပနေတဲ့ ပါလီမန် အထွေထွေရွေးကောက်ပွဲမှာ အတိုက်ခံ ဆန္ဒပြသူတွေက မဲရုံတွေထဲကို မီးလောင်ဗုံးတွေ ပစ်သွင်းပြီး ဆန္ဒမဲတွေကိုဖျက်ဆီးပစ်ခဲ့ကြပါတယ်။ တနိုင်ငံလုံးမှာ ဖြစ်ပွားခဲ့တဲ့ ရွေးကောက်ပွဲ အကြမ်းဖက်မှုတွေအတွင်းမှာ လူပေါင်း ၂၀ လောက် သေဆုံးခဲ့ရပါတယ်။

ထွက်ရောက်မဲပေးသူ သိသိသာနည်းပါးလှတဲ့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲရဲ့ မဲရုံတွေကို ပိတ်လိုက်ပါပြီ။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေရဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် မဲရုံပေါင်း ၁၅၀ ကျော်ကို အချိန်မတိုင်ခင် ပိတ်ပစ်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံနဲ့တဝှမ်းကျင်းပတဲ့ ရွေးကောက်ပွဲမှာ လုံခြုံရေးအင်အား ထောင်ပေါင်းများစွာ ဖြန့်ချထားခဲ့တာပါ။ ဒါပေမယ့် ဒီလုံခြုံရေးတပ်ဖွဲ့တွေဟာ အကြမ်းဖက်မှုတွေကို မကာကွယ်နိုင်ခဲ့ပါဘူး။ သေဆုံးရသူတွေထဲက အများစုဟာ ဆန္ဒပြသူတွေဖြစ်ပြီး ရဲကပစ်ခတ်လို့ သေဆုံးခဲ့ကြရတာပါ။ မဲရုံဝန်ထမ်း ၂ ဦးထက်မနည်းလည်း သေဆုံးခဲ့ရပါတယ်။

အတိုက်ခံတွေက ဒီရွေးကောက်ပွဲဟာ အဓိပ္ပယ်မရှိတဲ့ ရယ်စရာရွေးကောက်ပွဲသာ ဖြစ်ပြီး ကြားဖြတ်အစိုးရကို အာဏာလွှဲပေးဖို့နဲ့ အဲဒီ ကြားဖြတ်အစိုးရကနေ ရွေးကောက်ပွဲကို ကမကထလုပ်ပြီး ကျင်းပပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။ အခုတိုင်းဆိုရင်တော့ နိုင်ငံတဝှမ်း မဲဆန္ဒနယ်မြေအများစုမှာ ဝင်ရောက် ယှဉ်ပြိုင်တဲ့ လက်ရှိအာဏာရ အဝါမီလိ ပါတီကပဲ အနိုင်ရလိမ့်မယ်လို့ ထင်ကြေးပေး ပြောဆိုနေကြပါတယ်။
XS
SM
MD
LG