သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်ဗုံးကွဲမှု သဲလွန်စများ ထပ်မံ ရရှိ


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တနင်္လာနေ့ ဗုံးခွဲမှုကြောင့် ဟိန္ဒူ နတ်ဘုရားရုပ်တု မျက်နှာတော် ထိခိုက်ပျက်စီးသွားတဲ့မြင်ကွင်း။ (သြဂုတ် ၂၀၊ ၂၀၁၅)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ တနင်္လာနေ့ ဗုံးခွဲမှုကြောင့် ဟိန္ဒူ နတ်ဘုရားရုပ်တု မျက်နှာတော် ထိခိုက်ပျက်စီးသွားတဲ့မြင်ကွင်း။ (သြဂုတ် ၂၀၊ ၂၀၁၅)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်က လေးမျက်နှာ Erawan နတ်ကွန်းမှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုနဲ့ ပတ်သက်တဲ့ သဲလွန်စရနိုင်ဖို့ သုံးသပ်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

Erawan နတ်ကွန်းမှာပေါက်ကွဲမှုဖြစ်ပြီး နောက်တရက် ရေထဲမှာ ပေါက်ကွဲခဲ့တဲ့ဖြစ်ရပ် Video ပုံတွေကို စစ်ဆေးနေတာဖြစ်ပါတယ်။ ဒီကနေ့ စနေနေ့မှာ ထွက်ပေါ်လာတဲ့ Video ထဲမှာတော့ တူးမြောင်းထဲ ပေါက်ကွဲမှုမဖြစ်ခင် တရက်အလို အဲဒီနေရာမှာ အပြာရောင်အင်္ကျီဝတ်ထားတဲ့ လူတယောက်က တူးမြောင်းကိုဖြတ်ဆောက်ထားတဲ့ လူကူးတံတားပေါ်ကနေ အိတ်တလုံးကို ရေထဲကန်ချခဲ့တဲ့ Video ပုံတွေကို မြင်ရပါတယ်။ အဲဒီ ဒုတိယပေါက်ကွဲမှုမှာ ဘယ်သူမှ ထိခိုက်ဒဏ်ရာ မရခဲ့ပေမယ့် ဘန်ကောက်မြို့သူ မြို့သားတွေကြား ထိတ်လန့်တုန်လှုပ်ခဲ့ကြပါတယ်။

တနင်္လာနေ့က Erawan နတ်ကွန်းမှာ ပေါက်ကွဲမှုဖြစ်ပြီးချိန်နဲ့ သိပ်မကွာတဲ့အချိန် တူးမြောင်းနားက လုံခြုံရေးကင်မရာ ရိုက်ကူးထားတဲ့ Video တွေကို ကြည့်ပြီး Erawan နတ်ကွန်းမှာ ပေါက်ကွဲမှုနဲ့ တူးမြောင်းထဲမှာ ပေါက်ကွဲမှု ၂ ခု ဆက်စပ်မှုရှိ မရှိကို သက်ဆိုင်ရာက စစ်ဆေးနေကြတာလည်း ဖြစ်ပါတယ်။

နိုင်ငံခြားသားတွေအပါအဝင် အယောက် ၂၀ သေဆုံးခဲ့တဲ့ Erawan နတ်ကွန်းမှာ ပေါက်ကွဲမှုဖြစ်ပြီး ဒီကနေ့ ၅ ရက်ကြာလာတဲ့အထိ တရားခံကို
မဖမ်းဆီးနိုင်သေးပေမဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ တိုးတက်မှုတွေ ရှိပါတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ ဗုံးကွဲသူလို့ မသင်္ကာသူရဲ့ ခန့်မှန်း
ရုပ်ပုံတူကို ရဲကထုတ်ပြန်ထားပြီး ဖမ်းဝရမ်းထုတ်ထားပါတယ်။ ဘယ်အဖွဲ့အစည်းကမှ သူတို့လက်ချက်ပါလို့ မပြောကြပေမဲ့ ထိုင်းရဲတွေကတော့
ဖြစ်နိုင်ခြေအားလုံးကို ထည့်ပြီးတွက်နေတယ်လို့ဆိုပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းမှာ တိုက်ခိုက်မှုတွေလုပ်နေတဲ့ မွတ်ဆလင်ခွဲထွက်ရေးသမားတွေ ရှိသလို ပြီးခဲ့တဲ့လကပဲ ဝီဂါလူမျိုး ၁၀၀ ကျော်ကို ထိုင်းအစိုးရက တရုတ်အစိုးရလက်ကို ပြန်အပ်ခဲ့တဲ့အတွက် မကျေနပ်မှုတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG