သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်လေဆင်နှာမောင်း ၂၀ ကျော်သေ


ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာ လူ ၂၀ အသက်ဆုံးခဲ့ပြီး လူဒါဇင်နဲ့ချီ လွှင့်ပါသွားခဲ့တဲ့ Tornado လေဆင်နှာမောင်းတခု သောကြာနေ့ကတိုက်ခတ်ခဲ့ပါတယ်။ ပြင်းထန်တဲ့ လေဆင်နှာမောင်းဒဏ်ကြောင့် ဓာတ်အားပေးတိုင်နဲ့ သစ်ပင်တွေ အမြစ်ကကျွတ်ထွက်ပြီး အိမ်အမိုးတွေ ကျွတ်ထွက် လေထဲလွင့်ပါကုန်တယ်လို့ တာဝန်ရှိသူတွေကပြောဆိုပါတယ်။

သောကြာနေ့ညနေခင်းက ဒါကာမြို့ အရှေ့တောင်ပိုင်း မိုင် ၆၀ အကွာလောက်မှာရှိတဲ့ Brahmanbaria မြို့နယ်မှာ တိုက်ခတ်ခဲ့တဲ့ လေဆင်နှာမောင်းကြောင့် လူ ၃၀၀ ကျော် ဒဏ်ရာရခဲ့တာကြောင့် သေဆုံးတဲ့နှုန်း ပိုများလာနိုင်တယ်လို့လည်း ဆိုပါတယ်။

အဲဒီဒေသမှာနေကြတဲ့ လူ ၅၀၀ ကျော်ဟာ ပျက်စီးဆုံးရှုံးတဲ့ဒဏ် ခံစားနေရပြီး ကယ်ဆယ်ရေးအဖွဲ့တွေ လွှတ်ထားတယ်လို့ သတင်းတွေကဖော်ပြပါတယ်။ ဒါပေမဲ့ ရထားလမ်းနဲ့ အဝေးပြေးကားလမ်းတွေပေါ်မှာ သစ်ပင်နဲ့ ကားအပျက်အစီးတွေ စုပြုံပိတ်ဆို့နေဆဲဖြစ်ပါတယ်။

ပျက်စီးတဲ့ အဆောက်အဦးတွေထဲမှာ Brahmanbaria အကျဉ်းထောင်လည်း ပါဝင်ပြီး အစောင့်တယောက်လည်း သေဆုံးသွာခဲ့ပါတယ်။ ကျန်တဲ့အကျဉ်းသားတွေနဲ့ အခြေအနေတွေ လုံခြုံမှုရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ရှိသမျှပစ္စည်းတွေအားလုံး ဆုံးရှုံးသွားပြီး မိနစ်ပိုင်းအတွင်း ရွှံ့နွံထဲရောက်သွားတယ်လို့ လေဆင်နှာမောင်းဒဏ်ခံရတဲ့ ဒုက္ခသည်တချို့က ပြောဆိုပါတယ်။
XS
SM
MD
LG