သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရ်ှ ဘလော့ဂါတွေကို အစွန်းရောက်အဖွဲ့ ခြိမ်းခြောက်


အယူစွဲပြင်းထန်တဲ့အစ္စလာမ်အဖွဲ့က ခြိမ်းခြောက်ထားတဲ့စာရင်းမှာပါဝင်နေတဲ့ လန်ဒန်အခြေစိုက် တက်ကြွလှုပ်ရှားသူ Ajanta Deb Roy
အယူစွဲပြင်းထန်တဲ့အစ္စလာမ်အဖွဲ့က ခြိမ်းခြောက်ထားတဲ့စာရင်းမှာပါဝင်နေတဲ့ လန်ဒန်အခြေစိုက် တက်ကြွလှုပ်ရှားသူ Ajanta Deb Roy

လွတ်လပ်စွာ ပြောဆိုရေးသားကြတဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံသား ဘလောဂ်ဂါတွေ၊ စာရေးဆရာတွေနဲ့ တက်ကြွလှုပ်ရှားသူ ၂၀ တို့စာရင်းကို ဘင်္ဂလားဒေ့ရှ် အခြေစိုက် ဘာသာရေး အယူစွဲပြင်းထန်တဲ့ အစ္စလာမ်အဖွဲ့တခုက ထုတ်ပြန်လိုက်ပြီး သတ်ဖြတ်ဖို့ ခြိမ်းခြောက်ထားပါတယ်။

သတ်ဖြတ်ဖို့ ခြိမ်းခြောက်ခံထားရသူ အများစုကတော့ နိုင်ငံတွင်းကနေ ထွက်ပြေးသွားကြပါပြီ။ တားမြစ်ပိတ်ပင်ခံထားရတဲ့ စစ်သွေးကြွ Ansarullah Bangla အဖွဲ့ (ABT) က လူ ၂၀ စာရင်းကို ထုတ်ပြန်လိုက်တာ ဖြစ်ပြီး အစ္စလာမ္မစ်အစွန်းရောက်တို့ဟာ ဒီစာရင်းမှာ ပါဝင်တဲ့ လွတ်လပ်စွာ တွေးခေါ်သူတွေကို အရှေ့တောင်အာရှ နိုင်ငံ နယ်နိမိတ်အပြင်ထိ ရှာဖွေ တိုက်ခိုက်မယ့်အပေါ်မှာ စိုးရိမ်စိတ်တွေ မြင့်တက်လာနေပါတယ်။

ဘာသာရေး အစွန်းရောက်မှုကို ဝေဖန်ရေးသားတာကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်းမှာပဲ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ဘလော့ဂါ ၁၀ ဦးနဲ့ သူတို့ကို ထောက်ခံသူတွေဟာ ဘာသာရေး အစွန်းရောက်တို့ လက်ချက်နဲ့ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကြောင့်ပဲ တချို့ကတော့ နိုင်ငံရပ်ခြားကို ရွှေ့ပြောင်းခဲ့ကြရပြီးလည်း ဖြစ်ပါတယ်။

အန်ဆာရူလာ ဘန်ဂလာ (Ansarullah Bangla) အဖွဲ့က သတ်ဖြတ်ဖို့ ခြိမ်းခြောက်ထုတ်ပြန်လိုက်တဲ့ လူ စာရင်းမှာဗြိတိန်၊ ဂျာမနီ၊ အမေရိကန်၊ ကနေဒါနဲ့ ဆွီဒင်နိုင်ငံတွေကို ရွှေ့ပြောင်းရောက်ရှိနေကြတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတချို့လည်း ပါဝင်ပြီး ဒီလူတွေကို နိုင်ငံသားဖြစ်ခွင့် ပြန်လည်ရုပ်သိမ်းဖို့ကိုလည်း Ansarullah Bangla အဖွဲ့က တောင်းဆိုထားပါတယ်။

XS
SM
MD
LG