သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြိုကျခဲ့တဲ့ ဘင်္ဂလားဒေ့ရ်ှစက်ရုံပိုင်ရှင် ဖမ်းမိ


ပြိုကျခဲ့တဲ့ အဆောက်အဦးပိုင်ရှင် Mohammed Sohel Rana။ (ဧပြီလ ၂၈ ရက်၊ ၂၀၁၃)။
ပြိုကျခဲ့တဲ့ အဆောက်အဦးပိုင်ရှင် Mohammed Sohel Rana။ (ဧပြီလ ၂၈ ရက်၊ ၂၀၁၃)။
ဘင်္ဂလားဒေ့ရှနိုင်ငံမှာ လူပေါင်း ၃၇၇ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ အဆောက်အဦးပြိုကျမှု အတွက် အဲဒီစက်ရုံအဆောက်အဦးပိုင်ရှင်ကို ဖမ်းထားပြီလို့ ရဲကပြောပါတယ်။ အိန္ဒိယနိုင်ငံ နယ်စပ်နားမှာ Sohel Rana ကိုဖမ်းမိတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့က ကြေညာခဲ့တာပါ။ အဆောက်အဦးပြိုကျတဲ့ ဗုဒ္ဓဟူးနေ့ကတည်းက ပုိင်ရှင် Rana ပျောက်နေတာဖြစ်ပါတယ်။

စနေနေ့တုန်းကလည်း စက်ရုံကအရာရှိ ၂ ယောက်နဲ့ အင်ဂျင်နီယာ ၂ ယောက်ထက်မနည်းကို ဖမ်းဆီးခဲ့ပါတယ်။ အထည်ချုပ်စက်ရုံပါရှိတဲ့ အဆောက်အဦးကြီး ပြိုကျခဲ့မှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေ စုစုပေါင်း ဖမ်းဆီးထားတာ ၇ ယောက်ရှိသွားပါြပီ။

တချိန်တည်းမှာပဲ အဆောက်အဦး ပြိုကျတဲ့နေရာမှာ မီးလောင်ခဲ့တဲ့အတွက် ရှာဖွေကယ်ဆယ်ရေးကို တာဝန်ရှိသူတွေ ယာယီဆိုင်းထားခဲ့ရပါတယ်။ ပိတ်မိနေတဲ့ အမျိုးသမီးကိုကယ်ဖို့ သံမဏိထုပ်တန်း ကို ဖြတ်ဖို့ကြိုးစားနေစဉ် တနင်္ဂနွေနေ့ညက မီးလောင်ခဲ့တာဖြစ်ပါတယ်။ မီးကြောင့် အဲဒီအမျိုးသမီး သေဆုံးခဲ့ပုံရပြီး ကယ်ဆယ်ရေးသမား ၃ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
XS
SM
MD
LG