သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံမီး ၁၀၀ ကျော်သေဆုံး


စက်ရုံမီးလောင်မှုတွင်း သေဆုံးခဲ့သူတွေရဲ့ အလောင်းတွေကို စာသင်ကျောင်းတခုမှာ စုပုံထားပုံ။ (နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၁၂)။
စက်ရုံမီးလောင်မှုတွင်း သေဆုံးခဲ့သူတွေရဲ့ အလောင်းတွေကို စာသင်ကျောင်းတခုမှာ စုပုံထားပုံ။ (နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၁၂)။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ်စက်ရုံတရုံ မီးလောင်ရာမှာ အမျိုးသမီးအများစု အပါအဝင် လူ ၁၀၀ ကျော်သေဆုံး ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ သေဆုံးသူဦးရေ ပိုတိုးလာနိုင်တယ်လို့လည်း ဆိုပါတယ်။

ကယ်ဆယ်ရေးဝန်ထမ်းတွေက သေဆုံးသူတွေရဲ့ အလေင်းတွေကို ဒီနေ့မနက်ပိုင်းမှာ တွေ့ရှိခဲ့ကြတာပါ။ ဒါကာမြို့ပြင်ရှိ Tazreen Fashion အထည်ချုပ်စက်ရုံဟာ ၉ ထပ် အဆောက်အဦး ဖြစ်ပြီး မြေညီထပ်မှာ စနေနေ့ညက မီးလောင်ခဲ့တာ ဖြစ်ပါတယ်။

အပေါ်ထပ်တွေမှာ အလုပ်လုပ်နေကြတဲ့ သူတွေ ပိတ်မိနေကြပြီး ကယ်ဆယ်ရေးတွေ မရောက်လာခင်မှာ တချို့တိုက်ပေါ်က ခုန်ချလို့ သေဆုံးကြရသလို ဒဏ်ရာတွေလည်း ရရှိခဲ့ကြပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ ချက်ချင်း မသိရသေးပါဘူး။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တဝန်း နိုင်ငံတကာ အမှတ်တံဆိပ်မျိုးစုံ အထည်ချုပ်စက်ရုံပေါင်း ၄,၀၀၀ ကျော် ရှိပါတယ်။ တချိန်တည်မှာပဲ နိုင်ငံအရှေ့တောင်ပိုင်း စစ်တကောင်းမြို့မှာ ဆောက်လက်စ ခုံးကျော်တံတားတခုရဲ့ ယက်မကြီး ပြိုကျလို့ ၁၁ ယောက် သေဆုံးပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
XS
SM
MD
LG