သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ဗလီကျောင်း တခု တိုက်ခိုက်ခံရ


ဘင်္ဂလားဒေ့ရှ် ရှီရာဗလီ အတိုက်ခိုက်ခံရ (နိုဝင်ဘာ ၂၆၊ ၂၀၁၅)။
ဘင်္ဂလားဒေ့ရှ် ရှီရာဗလီ အတိုက်ခိုက်ခံရ (နိုဝင်ဘာ ၂၆၊ ၂၀၁၅)။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကြာသပတေးနေ့ညနေပိုင်းက ရှီရာဗလီကျောင်းထဲကို စီးနင်း ဝင်ရောက်ပြီး ပစ်ခတ်ခဲ့တဲ့ သေနတ်သမားတွေကို ခြေရာခံလိုက်ပြီးဖမ်းဆီးဖို့ ရဲတပ်ဖွဲ့က ကြိုးစားနေပါတယ်။ ဒီအကြမ်းဖက်မှုကြောင့် အမျိုးသားတဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုဟာ IS အစ္စလာမ်မစ် စစ်သွေးကြွအုပ်စုတွေရဲ့လက်ချက်ဖြစ်တယ်လို့ အစွန်းရောက် အစ္စလာမ်မစ်အုပ်စုတွေရဲ့ အင်တာနက်အွန်လိုင်း လှုပ်ရှားမှုတွေ ကို စောင့်ကြည့်နေတဲ့ အမေရိကန်ပြည်ထောင်စုအခြေစိုက် SITE ထောက်လမ်းရေး ဝန်ဆောင်မှု အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဗလီဆရာတဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူသုံးဦးဟာ ဆေးရုံမှာ စိုးရိမ်နေရတဲ့ အခြေအနေ ရှိနေတယ်လို့ ပြည်တွင်းရုပ်သံသတင်းတွေကပြောပါတယ်။ ဒီအကြမ်းဖက် တိုက်ခိုက်မှုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အစ္စလာမ်မစ်အစွန်းရောက်စစ်သွေးကြွတွေ တိုးလာနေပြီလားဆိုတဲ့ စိုးရိမ်မကင်းဖြစ်မှုတွေရှိလာနေပါတယ်။

XS
SM
MD
LG