သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒက်ရှ် ပလပ်စတစ် စက်ရုံမီး ၁၃ ဦးသေဆုံး


ဘင်္ဂလားဒက်ရှ် နိုင်ငံမှာ စနေနေ့က မြို့တော်ဒက္ကာရဲ့ ဆင်ခြေဖုံး Mirpur အရပ်က ပလပ်စတပ်ထုပ်ပိုး စက်ရုံးမှာ မီးလောင်မှု ဖြစ်ပွါးခဲ့တဲ့အတွက် လူ ၁၃ ဦးထက်မနဲ သေဆုံးခဲ့ရပါတယ်။ စက်ရုံလုပ်သား အများအပြားလည်း ဆိုးဝါးတဲ့ မီးလောင်ဒဏ်ရာတွေရခဲ့ပြီး ၃ ယောက်ကတော့ ဒက္ကာ ဆေးကောလိပ်က ဆေးရုံကို တင်ထားရပါတယ်။

မီးသတ်သမားတွေက အထပ် ၆ ထပ်ရှိတဲ့ စက်ရုံမီးလောင်မှုဖြစ်ပွါးရာနေရာကနေ မီးလောင်ကျွမ်းနေတဲ့ အလောင်းတွေကို သယ်ထုတ်ခဲ့ကြပြီး အလောင်း ၁၃ လောင်းကို ဆေးရုံ ရင်ခွဲရုံကို ပို့ခဲ့ပေမယ့် ဆိုးဆိုးဝါးဝါး လောင်ကျွမ်းထားတဲ့ အလောင်းတွေကို ဘယ်သူဘယ်ဝါ ဆိုတာ ခွဲဖို့ အခက်အခဲ တွေ့နေရပါတယ်။

စက်ရုံရှေ့မှာ ရပ်ထားတဲ့ ကားတစီးဟာလည်း မီးလောင်ခဲ့ပြီး ဓါတ်ငွေ့အိုး အတော်များများ ပေါက်ကွဲမှု ဖြစ်ပွါးခဲ့တယ်လို့လည်း ဒေသ သတင်းတွေမှာ ဖေါ်ပြပါတယ်။

ဒီစက်ရုံဟာ ပလပ်စတိတ်တွေကို ပြန်ကြိုပြီး အစားအသောက်တွေ ထုပ်ပိုးဖို့ ပလပ်စတိတ်အိတ်တွေ ထုတ်လုပ်တာ ဖြစ်ပါတယ်။ မီးလောင်ချိန်မှာ အလုပ်သမား ၇၀ လောက် စက်ရုံမှာ အလုပ်လုပ်နေကြတယ်လို့ ရဲကပြောပါတယ်။ မီးက အလျင်အမြန်ပျံ့နှံ့ခဲ့တာ ဖြစ်ပြီး အများအပြား လွတ်မြောက်ခဲ့ပေမယ့် ပိတ်မိနေသူတွေလည်း ရှိပါတယ်။ မီးသတ်ဌာန ၁၈ ခုက ၂ နာရီကြာလောက် မီးကိုညှိမ်းသတ်ခဲ့ရတာပါ။ ဘင်္ဂလာဒက်ရှ် နိုင်ငံဟာ စက်ရုံလုပ်သားတွေအတွက် အလုပ်ခွင့် ဘေးကင်းလုံခြုံမှု မရှိတဲ့ နိုင်ငံတွေထဲက တနိုင်ငံ ဖြစ်ပါတယ်။

XS
SM
MD
LG