သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံအမြင်မှားအောင်လုပ်နေသူတွေလို့ လှေစီးပြေးတွေကို ဘင်္ဂလားဒေ့ရှ်အပြစ်တင်


ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆင်းရဲနွမ်းပါးမှုကနေ ထွက်ပြေးသွားကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အမြင်မှားအောင် လုပ်နေသူတွေ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေကြသူတွေဖြစ်တယ်လို့ ဝန်ကြီးချုပ် Sheikh Hasina က တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။

လူမှောင်ခိုကူးသူတွေကို ပိုက်ဆံပေးပြီး အန္တရာယ်များလှတဲ့ ပင်လယ်ပြင်မှာ ပြည့်ကြပ်နေတဲ့ စက်လှေတွေစီးပြီး အရှေ့တောင်အာရှ နိုင်ငံအတွင်းက တခြားနိုင်ငံတွေမှာ ရွှေ့ပြောင်းနေထိုင်ဖို့ ကြိုးစားကြတဲ့ အဲဒီလူတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အဲဒီထက် ကောင်းမွန်တဲ့ ဘဝနဲ့ နေထိုင်လို့ ရနိုင်ပါတယ်လို့လည်း ဝန်ကြီးချုပ် Sheikh Hasina က ပြောပါတယ်။

တိုင်းပြည်အတွင်းမှာ သူတို့အတွက် လုံလောက်တဲ့အလုပ်အကိုင်တွေ ရှိနေပါလျက်နဲ့ အဲဒီလူတွေဟာ တိုင်းပြည်ကိုပစ်ပြီး အန္တရာယ်များလှတဲ့ အဲဒီခရီးကို ထွက်သွားကြကြောင်း၊ သူတို့တွေဟာ နိုင်ငံတကာ အဝန်းဝိုင်းကြားမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အမြင်မှားမှု ဖြစ်ပေါ်စေအောင် လုပ်နေကြခြင်းဖြစ်ကြောင်း Sheikh Hasina က ပြောပါတယ်။

လူမှောင်ခိုကူးတဲ့သူတွေရော၊ တိုင်းပြည်က ထွက်ပြေးသွားကြသူတွေကိုပါ ပြစ်ဒဏ်ပေးသင့်ကြောင်း ဝန်ကြီးချုပ် Sheikh Hasina က ပြောတယ်လို့ အစိုးရပိုင် Sangbad Sangstha သတင်းအေဂျင်စီမှာ ကိုးကား ဖော်ပြထားပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရွှေ့ပြောင်းဝင်ရောက်သူတွေလို့ ယုံကြည်ရသူတွေရဲ့ ရုပ်အလောင်းတွေ မြှုပ်နှံထားတဲ့ ၃၀ ကို အစုလိုက် အပြုံလိုက် တွေ့ရှိခဲ့ကြောင်း မလေးရှားအာဏာပိုင်တွေက ပြောဆိုတဲ့အချိန်မှာပဲ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း - ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြန်မာရေတပ်က ကယ်ဆယ်လိုက်တဲ့ လှေစီးဒုက္ခသည်တွေကို အခုအခါမှာ မောင်းတောမြို့ အတွင်းက ယာယီစခန်းမှာ ထိန်းသိမ်း စောင့်ရှောက်ထားပါတယ်။ အဲဒီလှေပေါ်ပါလာသူ ၂၁၉ ယောက်ထဲက ၂၀၀ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေဖြစ်ပြီး မြန်မာအစိုးရက ဘင်္ဂါလီလို့ဆိုတဲ့ ရိုဟင်ဂျာ ၈ ဦးတို့ပါဝင်ပါတယ်။

XS
SM
MD
LG