သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
ဘင်္ဂလားဆန္ဒပြပွဲ ၄၀ ကျော်သေဆုံး
နောက်ဆုံးရသတင်း

ဘင်္ဂလားဆန္ဒပြပွဲ ၄၀ ကျော်သေဆုံး


ဘင်္ဂလားဒေ့ရှ်မှာ Jamaat-e-Islami အဖွဲ့ခေါင်းဆောင် Delwar Hossain Sayedee ကို သေဒဏ်ပေးမှုအပေါ် ကန့်ကွက်သူတွေကို အကြမ်းဖက်နှိမ်နင်းစဉ်။
ဘင်္ဂလားဒေ့ရှ်မှာ Jamaat-e-Islami အဖွဲ့ခေါင်းဆောင် Delwar Hossain Sayedee ကို သေဒဏ်ပေးမှုအပေါ် ကန့်ကွက်သူတွေကို အကြမ်းဖက်နှိမ်နင်းစဉ်။
ပါကစ္စတန်နိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့တဲ့ ၁၉၇၁ ခုနှစ်က စစ်ပွဲတွေအတွင်း ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ အဆင့်မြင့် အစ္စလာမ်မစ် အတိုက်အခံခေါင်းဆောင်တဦးကို ဘင်္ဂလားဒေ့ရှ် စစ်ရာဇဝတ်ခုံရုံးက သေဒဏ် အပြစ်ပေးလိုက်ပါတယ်။

အဓမ္မပြုကျင့်မှု၊ လူတွေအစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုတွေအပါအဝင် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေနဲ့ Jamaat-e-Islami ပါတီက အဆင့်မြင့်ခေါင်းဆောင် Delwar Hossain Sayedee ကို ဒါကာမြို့တရားရုံးက ကြာသပတေးနေ့မှာ စီရင်ချက် ချလိုက်တာပါ။

ဒီစီရင်ချက်ဟာ တရားမျှတခြင်းမရှိဘူးလို့ Sayedee ရဲ့ အကျိုးဆောင် ရှေ့နေတွေက ပြောကြားလိုက်ပြီး သူတို့အနေနဲ့ အယူခံဝင်သွားမယ်လို့ ဆိုပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့အနေနဲ့ Jamaat-e-Islami ပါတီက ကြာသပတေးနေ့မှာ တနိုင်ငံလုံး သပိတ်မှောက်ကြဖို့ တောင်းဆိုထားပြီး Sayedee ကို လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ပါကစ္စတန်လက်အောက်က လွှတ်လပ်ရေးရဖို့ ၁၉၇၁ ခုနှစ်အတွင်း ၉ လလောက် တိုက်ပွဲဝင်ခဲ့ရတာ ဖြစ်ပါတယ်။
XS
SM
MD
LG