သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလား အထူးကုန်သွယ်ခွင့် အမေရိကန်ဆိုင်းငံ့


ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အလုပ်သမားတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ် အတွက် အမေရိကန်က ပေးထားခဲ့တဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးခံစားခွင့်ကို ဆိုင်းငံ့ထားလိုက်တဲ့အကြောင်း အမေရိကန်သမ္မတ ဘာရက်ခ် အိုဘားမားက ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာ ပြီးခဲ့တဲ့ ဧပြီလတုန်းက အထည်ချုပ်စက်ရုံ ပြိုကျရာက အလုပ်သမား ထောင့်နှစ်ရာကျော် သေဆုံးခဲ့ရပြီးတဲ့နောက် အမေရိကန်တို့က ဘင်္ဂလားဒေ့ရှ် နိုင်ငံအပေါ် တင်းတင်းကြပ်ကြပ် စောင့်ကြည့်လာနေကြတာပါ။

သမ္မတအိုဘားမားက ကြာသာပတေးနေ့မှာ အဲဒီလို ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးကို ဆိုင်းငံ့ထား လိုက်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်က အမေရိကန်နိုင်ငံကို တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ အခွန်ကင်းလွတ်ခွင့် ရနေတဲ့ အခွင့်အရေး ဆုံးရှုံးတော့မှာ ဖြစ်ပါတယ်။

ဧပြီလတုန်းက ဖြစ်သွားခဲ့တဲ့ အထည်ချုပ်စက်ရုံပြိုကျမှုမျိုး နောက်နောင် မဖြစ်ရအောင်နဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေး ပြန်ပေးလို့ရအောင် အမေရိကန်အစိုးရနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ တွေ့ဆုံဆွေးနွေးသွားမယ်လို့ အမေရိကန်ကုန်သွယ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ် မိုက်ကယ်လ် ဖရိုးမဲန်းက ပြောပါတယ်။
XS
SM
MD
LG