မြန်မာ

ရခိုင်အရေး ကော်မရှင် ဖွဲ့စည်းမှု ဘန်ကီမွန်းကြိုဆို

Ban-ki moonBan-ki moon
x
Ban-ki moon
Ban-ki moon

မီဒီယာ

အသံ
TEXT SIZE - +
ဗွီအိုအေ (မြန်မာဌာန)
သမ္မတဦးသိန်းစိန်က ရခိုင်ပြည်နယ် ပဋိပက္ခအရေး  အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်း တာဝန် ပေးအပ်လိုက်တဲ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပါ တယ်။

အဲဒီကော်မရှင်မှာ မြန်မာ့နိုင်ငံရေးနဲ့ လူမှုရေးနယ်ပယ် အသီးသီးက တတ်/သိပညာရှင်တွေ၊ ပရဟိတ စေတနာ့ ၀န်ထမ်း အကျိုးဆောင်တွေ၊ ၈၈ ကျောင်းသားခေါင်းဆောင်တွေ အစရှိတဲ့ တက်ကြွလှုပ်ရှားသူတွေ ပါဝင်ကြ ပါတယ်။

ဒီကော်မရှင် အနေနဲ့ ရခိုင်ပြည်နယ် သဟဇာတမျှတစွာ တည်ငြိမ်ရေးအတွက် ရခိုင်ပြည်နယ်က မူဆလင် အသိုင်းအ၀ိုင်းရဲ့ အခြေအနေ အပါအ၀င် အကြမ်းဘက် ရုန်းရင်ဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းတွေကို စုံစမ်းစစ်ဆေးနိုင်လိမ့်မယ်လို့ ယူဆပါကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ သောကြာနေ့က ကြေညာချက်မှာဖော်ပြထားပါတယ်။

ဒီလို ကော်မရှင်မျိုး ဖွဲ့စည်းနိုင်တာဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် သိပ်အရေးကြီးတယ်လို့ လည်း ဆိုပါတယ်။ ကုလသမဂ္ဂအနေနဲ့ မြန်မာ့ ပြုပြင်ပြောင်းလဲရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ စိန်ခေါ်နေတဲ့ ပြဿနာတွေ ဖြေရှင်းမှာ ကုလသမဂ္ဂက အပြုသဘောနဲ့ အထောက်အကူပေးဖို့ အဆင်သင့် ရပ်တည်နေပါကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးက ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

နေ့ စဉ်တီဗွီသတင်းလွှာ (၀၅-၂၄-၂၀၁၃)

Loading
๑๒:๐๐:๐๐ / -:--:--
ဒီကနေ့ အစီအစဉ်မှာတော့    ဂျပန်ဝန်ကြီးချုပ် Shinzo Abe ဟာ နှစ်ပေါင်းလေးဆယ်လောက် အတွင်း ပထမဆုံး ဂျပန်ဝန်ကြီး ချုပ်တဦးရဲ့ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်လာတဲ့သတင်း၊ မြန်မာနိုင်ငံ ထားဝယ်ရေနက်ဆိပ်ကမ်း စီမံချက်မှာ ရင်းနှီးမြုတ်နှံဖို့ ဂျပန် စီးပွားရေးလုပ်ငန်းရှင်တွေကို ထိုင်းဝန်ကြီးချုပ် Yingluck က တိုက်တွန်းလိုက်တဲ့ သတင်း၊
 

ကမ္ဘာ့သတင်း စက္ကန့် ၆၀

Loading
๑๒:๐๐:๐๐ / -:--:--