သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ကော်မရှင် ဖွဲ့စည်းမှု ဘန်ကီမွန်းကြိုဆို


Ban-ki moon
Ban-ki moon
သမ္မတဦးသိန်းစိန်က ရခိုင်ပြည်နယ် ပဋိပက္ခအရေး အဖွဲ့ဝင် ၂၇ ဦးပါ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်း တာဝန် ပေးအပ်လိုက်တဲ့အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပါ တယ်။

အဲဒီကော်မရှင်မှာ မြန်မာ့နိုင်ငံရေးနဲ့ လူမှုရေးနယ်ပယ် အသီးသီးက တတ်/သိပညာရှင်တွေ၊ ပရဟိတ စေတနာ့ ဝန်ထမ်း အကျိုးဆောင်တွေ၊ ၈၈ ကျောင်းသားခေါင်းဆောင်တွေ အစရှိတဲ့ တက်ကြွလှုပ်ရှားသူတွေ ပါဝင်ကြ ပါတယ်။

ဒီကော်မရှင် အနေနဲ့ ရခိုင်ပြည်နယ် သဟဇာတမျှတစွာ တည်ငြိမ်ရေးအတွက် ရခိုင်ပြည်နယ်က မူဆလင် အသိုင်းအဝိုင်းရဲ့ အခြေအနေ အပါအဝင် အကြမ်းဘက် ရုန်းရင်ဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းတွေကို စုံစမ်းစစ်ဆေးနိုင်လိမ့်မယ်လ့ို ယူဆပါကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ သောကြာနေ့က ကြေညာချက်မှာဖော်ပြထားပါတယ်။

ဒီလို ကော်မရှင်မျိုး ဖွဲ့စည်းနိုင်တာဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် သိပ်အရေးကြီးတယ်လို့ လည်း ဆိုပါတယ်။ ကုလသမဂ္ဂအနေနဲ့ မြန်မာ့ ပြုပြင်ပြောင်းလဲရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ စိန်ခေါ်နေတဲ့ ပြဿနာတွေ ဖြေရှင်းမှာ ကုလသမဂ္ဂက အပြုသဘောနဲ့ အထောက်အကူပေးဖို့ အဆင်သင့် ရပ်တည်နေပါကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးက ကြေညာချက် ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
XS
SM
MD
LG