သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

BBC သတင်းထောက် မြောက်ကိုရီးယား နှင်ထုတ်


ပြုံယမ်းမြို့တော်တွင် ကျင်းပနေသော ပါတီညီလာခံအတွက် သတင်းယူသည့် သတင်းထောက်များ
ပြုံယမ်းမြို့တော်တွင် ကျင်းပနေသော ပါတီညီလာခံအတွက် သတင်းယူသည့် သတင်းထောက်များ

နိုင်ငံတကာ သတင်းထောက်တွေအပေါ် မြောက်ကိုရီးယား အာဏာပိုင်တွေရဲ့ ပြုမူဆက်ဆံပုံကြောင့် ပြုံယမ်းမြို့တော်မှာ လက်ရှိကျင်းပနေတဲ့ ပါတီညီလာခံအတွက် Kim Jong Un အစိုးရက အသေအချာ ပြင်ဆင်ထားတဲ့ ပုံရိပ်တွေကို ထိခိုက်ခဲ့ရပါတယ်။

BBC သတင်းထောက်တွေရဲ့ သတင်းတင်ပြပုံတွေကို အာဏာပိုင်တွေက သဘောမကျျတာကြောင့် အာဏာပိုင်တွေက မြောက်ကိုရီးယားကနေ ချက်ခြင်း နှင်ထုတ်ခဲ့တာပါ။

တိုကျိုအခြေစိုက် ဘီဘီစီ သတင်းထောက် Rupert Wingfield-Hayes နဲ့အတူ ထုတ်လုပ်ရေးမှူး Maria Byrne နဲ့ သတင်းရိုက်ကူးသူ Matthew Goddard တို့ကို မြောက်ကိုရီးယားကနေ ထွက်ခွာခါနီး သောကြာနေ့တုန်းက အာဏာပိုင်တွေ က ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ Wingfield-Hayes ကိုတော့ ၈ နာရီကြာ စစ်ဆေးမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ ဗြိတိန်သတင်းထောက်နဲ့ အဖွဲ့ဟာ မြောက်ကိုရီးယား အလုပ်သမားပါတီ ညီလာခံ မတိုင်ခင်ကတည်းက နိုဘဲလ်ငြိမ်းချမ်းရေး ဆုရှင် တချို့နဲ့အတူ သုတေသန ခရီးစဉ်တခုနဲ့ မြောက်ကိုရီးယားနိုင်ငံကို ရောက်နေခဲ့တာပါ။ နှစ်ပေါင်း ၃၆ နှစ်တွင်း ပထမဆုံးအကြိမ်ကျင်းပတဲ့ အလုပ်သမားပါတီ ညီလာခံကို သတင်းယူဖို့အတွက် ဖိတ်ကြားခံထားရတဲ့ နိုင်ငံခြားသား သတင်းထောက် ၁၃၀ ကျော် ပြုန်ရမ်းမြို့ကို ရောက်နေပေမဲ့ ညီလာခံအတွင်းထဲ အထိကိုတော့ သတင်းယူခွင့်မရကြပါဘူး။

XS
SM
MD
LG