သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘေဂျင်းမြို့တော်မှာ ကြက်တုပ်ကွေးတွေ့ရှိ


နောက်ဆုံး ပေါ်ပေါက်လာတဲ့ ကြက်ငှက်တုတ်ကွေး ရောဂါ ဖြစ်ပွားမှု တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ တွေ့ရကြောင်းနဲ့ ဒီဖြစ်ပွားမှုဟာ ခုချိန်ထိ တခုတည်းသောသတင်းပို့တဲ့ ရောဂါဖြစ်ပွားမှုလည်း ဖြစ်တယ်လို့ဆိုပါတယ်။

နောက်ဆုံးပေါ် ကြက်ငှက်တုပ်ကွေး ရောဂါပိုး H7N9 ကို အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်မှာ တွေ့ရပြီး ဘေဂျင်းဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ တာဝန်ရှိသူတွေကပြောဆိုပါတယ်။ အရင်လပိုင်းက ပထမဆုံးအကြိမ် လူမှာ ကူးစက်မှုဖြစ်ပွားတဲ့ ကြက်ငှက်တုပ်ကွေးပိုးကို တွေ့ရပြီးတဲ့နောက် တရုတ်နိုင်ငံအရှေ့ပိုင်းဒေသမှာ လူ ၁၁ ဦးသေဆုံးခဲ့ပါတယ်။

ကြက်ငှက်ကနေလူကို ကူးစက်တယ်လို့ယူဆရတာကြောင့် မွေးမြူရေးလုပ်ငန်းတွေက ကြက်ငှက် ကောင်ရေ အများအပြားကို သုတ်သင်ရှင်းလင်းခဲ့ရပြီး ကြက်သားရောင်းဝယ်ဖောက်ကားတဲ့လုပ်ငန်းကို ကန့်သတ်ထိန်းချုပ်မှုတွေ ဆောင်ရွက်ခဲ့ရပါတယ်။ ခုချိန်ထိတော့ လူကလူကို ကူးစက်တဲ့ ကြက်တုတ်ကွေး ရောဂါဖြစ်ပွားတဲ့ သက်သေအထောက်အထား မတွေ့ရသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ကပြောဆိုပေမဲ့ ဒီကြက်တုတ်ကွေး ရောဂါပိုးအသစ်ဟာ ကူးစက်ဖို့လွယ်ကူပြီး ကပ်ရောဂါဖြစ်ပွားမှုအဆင့်ကို ရောက်သွားစေမှာကို ကျွမ်းကျင်သူ ဆေးပညာရှင်တွေက စိုးရိမ်ပူပန်နေကြတာ ဖြစ်ပါတယ်။
XS
SM
MD
LG