သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘေရွတ် ဗုံးကွဲမှု လူ ၅ ဦးထက် မနည်း သေဆုံး


ဘေရွတ်မြို့ ဗုံးပေါက်ကွဲမှုမြင်ကွင်း။ (ဇန်နဝါရီလ ၂၊ ၂၀၁၄)
ဘေရွတ်မြို့ ဗုံးပေါက်ကွဲမှုမြင်ကွင်း။ (ဇန်နဝါရီလ ၂၊ ၂၀၁၄)
တောင်ပိုင်း ဘေရွတ်က လူခြေထူထပ်တဲ့ ရပ်ကွက်တစ်ခု မှာပေါက်ကွဲမှုဖြစ် တာကြောင့် လူ ငါးဦးထက် မနည်း သေဆုံးသွားပါတယ်။ အဲဒီဒေသဟာဆိုရင် ဟစ်ဇဘိုလာတွေရဲ့ အမာခံနယ်မြေဆိုပြီး လူတွေ သိထားကြတာပါ။

ကြာသပတေးနေ့မှာဖြစ်တဲ့ အဲဒီပေါက်ကွဲမှုအတွင်း လူ ၂၀ လောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဟစ်ဇဘိုလာရဲ့ Al-Manar ရုပ်သံမှာတော့ ဗုံးကွဲမှုဖြစ်တဲ့နေရာကို အရေးပေါ်လူနာတင်ကားတွေ အပြေးအလွှား သွားနေကြပြီး၊ အဲဒီက လောင်မြိုက်နေတဲ့ အပျက်အစီးပုံတွေ မြင်ရပါတယ်။ ဘာလို့ ပေါက်ကွဲမှုဖြစ်တာလဲဆိုတာတော့ မရှင်းသေးပါဘူး။

လက်ဘနွမ်အစိုးရအနေနဲ့ကတော့ အကြမ်းဖက်မှုဆန့်ကျင်ရေး စစ်ပွဲတွေ ဆင်နွဲှနေကြတယ်လို့ လက်ဘနွမ်ကျန်းမာရေးဝန်ကြီး Ali Hassan Khalil က သတင်းထောက်တွေကို ပြောပါတယ်။ သတင်းဌာန ရုပ်သံတွေမှာတော့ မီးလောင်ခံထားရတဲ့ ယာဉ်တစင်းကို အနီးနား အဆောက်အဦးက ကျလာတဲ့ အပိုင်းအစတွေ သစ်ရွက်တွေနဲ့ ဖုံးအုပ်နေတာမြင်ရပါတယ်။

လက်ဘနွမ်နိုင်ငံရဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း Mohamad Chatah သေဆုံးခဲ့ရတဲ့ ဘေရွတ်မြို့လယ်က ကြီးမားတဲ့ ကားဗုံးကွဲမှုဖြစ်ပြီး တပတ်အတွင်းမှာပဲ အခု ပေါက်ကွဲမှု ထပ်ဖြစ်တာပါ။ အဲဒီတုန်းကသေဆုံးခဲ့တဲ့ Mohamad Chatah ဟာ ဆီးရီးယားသမ္မတ ဘာရှားအယ်လ် အာဆပ်ကို ပြင်းပြင်းထန်ထန်ဝေဖန်လေ့ရှိသူဖြစ်ပါတယ်။

အဲ့ဒီ့အကြိမ်တုန်းက ကြီးမားတဲ့ ကားဗုံးကွဲမှုမှာတော့ ဘဏ္ဍာရေးဝန်ကြီးဟောင်း အပြင် လူငါးဦး သေဆုံးပြီး၊ ၇၀ လောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
XS
SM
MD
LG