သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးရွေးကောက်ပွဲ ဝန်ကြီးချုပ်ပါတီ ကပ် အနိုင်ရ


အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟု။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟု။
အင်္ဂါနေ့က ကျင်းပခဲ့တဲ့ အစ္စရေးလ်နိုင်ငံရဲ့ လွှတ်တော်ရွေးကောက်ပွဲမှာ မဲပေးပြီး သူတွေကို ကောက်ခံထားတဲ့ စစ်တမ်းတွေအရ အလယ်အလတ်ဝါဒီတွေ မယုံနိုင်လောက်အောင် အားကောင်းလာတာကြောင့် ဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟု (Benjamin Netanyahu) ရဲ့ လေကွတ်ပါတီဟာ အနည်းငယ် အသာနဲ့ပဲ အနိုင်ရ ခဲ့ကြောင်း ဖော်ပြကြပါတယ်။

မဲရုံတွေ ပိတ်ပြီးနောက် ရရှိတဲ့ ရလဒ်တွေအရ ဝန်ကြီးချုပ်ရဲ့ လေကွတ် ဘိုင်တနီ ပါတီက - ကိုယ်စားလှယ်နေရာ ၁၂၀ ထဲမှာ ၃၁ နေရာ ရခဲ့တဲ့အတွက် ဒါဟာဆိုရင် အရင်တခေါက် လွှတ်တော် ရွေးကောက်ပွဲမှာ ၄၂ နေရာ ရခဲ့တာထက် လျော့နည်းခဲ့တာပါ။

အလယ်အလတ်ဝါဒီ ယက်ရှ အတဒ် (Yesh Atid) ကတော့ ၁၉ နေရာ ရခဲ့ပြီး သူ့နောက် မှာတော့ လေဘာပါတီက ၁၇ နေရာ၊ လက်ယာစွန်း ဘာသာရေးနဲ့ အမျိုးသားရေးဝါဒီ ဂျူးဝှရှ် ဟုမ်း (Jewish Home) ပါတီကတော့ ၁၂ နေရာ အသီးသီး ရခဲ့ကြပါတယ်။

မဲပေးအပြီး ကောက်ယူတဲ့ စစ်တမ်းရလဒ်တွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ ဝန်ကြီး ချုပ်က အစ္စရေးလူထုဟာ သူ့ကို ဝန်ကြီးချုပ်အဖြစ် ဆက်လက် လိုလားကြောင်း ဆုံးဖြတ် တာဟာ ရှင်းလင်း နေသလို သူ့အနေနဲ့လည်း အစိုးရတရပ်ကို တတ်နိုင်သလောက် ကျယ် ကျယ်ပြန့်ပြန့် ထည့်သွင်းဖွဲ့စည်းသွားမယ့်အကြောင်း Facebook အင်တာနက် လူမှု ကွန်ယက်မှာ ကြေညာချက် တစောင် ထုတ်ပြန်ခဲ့တာပါ။

အစ္စရေးလ် မီဒီယာတွေမှာတော့ ရွေးကောက်ပွဲမတိုင်မီ ခန့်မှန်းချက်တွေထက် သာလွန်ခဲ့တဲ့ အလယ်အလတ်ဝါဒီတွေရဲ့ ယက်ရှ အတဒ် (Yesh Atid) ပါတီ မဲရလဒ်က ရွေးကောက်ပွဲ အတွက် အံ့အားသင့်စရာ ဖြစ်ရတဲ့အကြောင်း ဖော်ပြခဲ့ကြပါတယ်။ ဒီအတွက်လည်း ယက်ရှ အတဒ် (Yesh Atid) ပါတီ ခေါင်းဆောင် ယာအီယာ လာပစ် (Yair Lapid) ဟာ အတိုက် အခံခေါင်းဆောင် ဒါမှမဟုတ် ဝန်ကြီးချုပ်ရဲ့ ညွန့်ပေါင်းအစိုးရနဲ့ ပူးပေါင်းရင် အစိုးရ အဖွဲ့ထဲ မှာ အဓိကနေရာ ရနိုင်တယ်လို့ ဆန်းစစ်သူတွေက ခန့်မှန်းနေကြတာပါ။

သဘောထားတင်းမာပြီး ဘာသာရေးအစွဲရှိတဲ့ မဟာမိတ်တွေရဲ့ ထောက်ခံမှုနဲ့ ဝန်ကြီးချုပ်ကတော့ လွှတ်တော်မှာ လူများစုအဖြစ် ထိန်းထားနိုင်မယ့် အလားအလာတွေ လည်း ရှိနေတာ ဖြစ်ပါတယ်။
XS
SM
MD
LG