သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

BIMSTEC တာဝန်ရှိသူတွေ နေပြည်တော်မှာစည်းဝေး


၂၀၀၈ ခုနှစ် BIMSTEC အစည်းအဝေးတက်ရောက်လာကြသူ နိုင်ငံတော်သမ္မတများ။ (နိုဝင်ဘာ ၁၃၊ ၂၀၀၈)
၂၀၀၈ ခုနှစ် BIMSTEC အစည်းအဝေးတက်ရောက်လာကြသူ နိုင်ငံတော်သမ္မတများ။ (နိုဝင်ဘာ ၁၃၊ ၂၀၀၈)
ဘင်္ဂလားပင်လယ်အော် ဒေသတွင်း ကဏ္ဍစုံ နည်းပညာနှင့်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ (BIMSTEC) စည်းဝေးပွဲကို ဒီကနေ့ နေပြည်တော်မှာ တာဝန်ရှိသူတွေ စတင်ကျင်းပပါတယ်။ BIMSTEC အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးအဆင့် ဆွေးနွေးပွဲကိုတော့ တနင်္လာနေ့ ကျင်းပမှာဖြစ်ပါတယ်။

BIMSTEC အဖွဲ့အတွက် ပထမဆုံးအကြိမ် အတွင်းရေးမှူးချုပ်ကိုရွေးချယ်ပြီး အတွင်းရေးမှူးချုပ် ရုံးအဖွဲ့ထားနိုင်ရေးကိစ္စတွေကို အဓိကထား ဆွေးနွေးကြမယ်လို့ မျှော်လင့်ရတယ်လို့ နေပြည်တော်မှာရောက်နေတဲ့ VOA မြန်မာပိုင်းသတင်းထောက်က ပြောပါတယ်။ မတ်လ ၄ ရက်နေ့ အင်္ဂါနေ့ကျရင်တော့ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေရဲ့ ထိပ်သီးစည်းဝေးပွဲကို ကျင်းပပါမယ်။

BIMSTEC အဖွဲ့မှာ မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ဘူတန်နဲ့ နီပေါလ်နိုင်ငံစတဲ့ အဖွဲ့ဝင် ၇ နိုင်ငံ ပါဝင်ပါတယ်။ BIMSTEC အဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံက ၂၀၀၉ ခုနှစ်က တာဝန်ယူခဲ့ပြီး ထိပ်သီး စည်းဝေးပွဲကို အခုမှ လက်ခံကျင်းပတာဖြစ်ပါတယ်။ အခုထိပ်သီးစည်းဝေးပွဲဟာ အဖွဲ့ရဲ့ တတိယအကြိမ် ထိပ်သီးစည်းဝေးပွဲဖြစ်ပါတယ်ရှင်။
XS
SM
MD
LG