သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်လာဒင် သားမက် အမေရိကန်ဖမ်းမိ


ဘင်ဘာဒင်နဲ့ သူ့သားမက်ဖြစ်သူ Sulaiman Abu Ghaithကို အတူ တွေ့ရစဉ်။
ဘင်ဘာဒင်နဲ့ သူ့သားမက်ဖြစ်သူ Sulaiman Abu Ghaithကို အတူ တွေ့ရစဉ်။
Osama Bin Laden ရဲ့ သားမက်ဖြစ်သူ al-Qaida အဖွဲ့ ပြောခွင့်ရသူဟောင်း ကို အမေရိကန် က ဖမ်းဆီးရမိထားပြီး၊ တရားစွဲဖို့ နယူးယောက်မြို့ကို ခေါ်ဆောင်လာခဲ့ပါတယ်။ အမေရိကန်နိုင်ငံသားတွေ ကို သတ်ဖြတ်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ Sulaiman Abu Ghaith ကိုသောကြာနေ့မှာ ရုံးထုတ်မှာဖြစ်တယ်လို့ တရားရေးဌာန ပြောခွင့်ရသူတွေက ပြောပါတယ်။

Abu Ghaith ကို လတ်တလော ဂျော်ဒန်နိင်ငံမှာ ဖမ်းဆီးရမိခဲ့တာနဲ့ ပါတ်သက်လို့ နယူးယောက် ပြည်နယ် အောက်လွှတ်တော်အမတ် Peter King က CIA ဗဟိုထောက်လှမ်းရေးနဲ့ FBI ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး အရာရှိတွေကို ကြာသပတေးနေ့က ချီးကျူးပြောကြားခဲ့ပါတယ်။

တူရကီနိုင်ငံ Ankara မြို့က ဇိမ်ခံဟိုတယ်တခုမှာ Abu Ghaith ကိုဖမ်းမိခဲ့တယ်လို့ တူရကီသတင်းစာ တစောင်က သတင်းဖေါ်ပြခဲ့ပါတယ်၊ သတင်းရပ်ကွက်တွေရဲ့ အဆိုအရ အဲဒီနောက်မှာ သူ့ကို Jordan နိုင်ငံကို ပို့ခဲ့ပြီး ဂျော်ဒန်မှာ အမေရိကန် ထောက်လှမ်းရေးတွေက ထိန်းသိမ်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပါတ်သက်ပြီး တစုံတရာပြောဖို့ တူရကီတာဝန်ရှိသူတွေက ငြင်းဆန်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ် September လ ၁၁ ရက်နေ့က အမေရိကန်ပြည်ထောင်စုနယူးယောက် နဲ့ Washington မြို့တွေအပေါ် တိုက်ခိုက်ခဲ့မှုမှာ တာဝန်ရှိသူတွေကို ဥပဒေအရအရေးယူဖို့ အမေရိကန်က ဆောင်ရွက်နေတယ်ဆိုတာကို ခုလို Abu Ghaith ကို ဖမ်းဆီးမှုက ပြသနေတယ်လို့ အစိုးရရှေ့နေချုပ် Eric Holder က ပြောကြားခဲ့ပါတယ်၊
XS
SM
MD
LG