သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

H7N9 ငှက်တုပ်ကွေး ဘေဂျင်းမှာကူးစက်


Shangsi ဒေသက ဝန်ထမ်းတဦး ကြက်ငှက်တုပ်ကွေး ရောဂါ ကာကွယ်ဆေးထိုးပေးနေစဉ်။ (ဧပြီလ ၃ ရက်၊ ၂၀၁၃)။
Shangsi ဒေသက ဝန်ထမ်းတဦး ကြက်ငှက်တုပ်ကွေး ရောဂါ ကာကွယ်ဆေးထိုးပေးနေစဉ်။ (ဧပြီလ ၃ ရက်၊ ၂၀၁၃)။
တရုတ်နိုင်ငံမှာ ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှု နှစ်ခုကို နေရာသစ် တနေရာမှာ ထပ်မံတွေ့ရှိရတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ နိုင်ငံရဲ့အလယ်ပိုင်း ဟာနန်းခရိုင်အတွင်း လူနှစ်ဦးမှာ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေတာကိုတွေ့ရကြောင်း နိုင်ငံပိုင် Xinhua သတင်းက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။

လွန်ခဲ့တဲ့လကုန်ပိုင်း တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းပြည်နယ်မှာ H7N9 အမျိုးအစား ကြက်ငှက်တုပ်ကွေး ရောဂါသစ် စတင်တွေ့ရှိခဲ့ရပြီးတဲ့နောက် ဒီရောဂါ ကူးစက်ခံရသူ ၅၅ ဦးတွေ့ရှိရပြီး အဲဒီအထဲက ၁၁ ဦးသေဆုံးသွားခဲ့ပါတယ်။

စနေနေ့တုန်းကတော့ ရှန်ဟိုင်းနဲ့ မိုင်ပေါင်း ရာနဲ့ချီ ကွာဝေးတဲ့ မြို့တော်ဘေဂျင်းက အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တယောက်မှာ အဲဒီကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အကြီးအကဲဖြစ်တဲ့ Michael O'Leary ကတော့ နိုင်ငံရဲ့တခြားအရပ်တွေမှာ ငှက်တုပ်ကွေးရောဂါ ပျံ့နှံ့နေတာတွေ့ရတဲ့ကိစ္စဟာ အထိတ်တလန့်တော့ မဖြစ်ရကြောင်း၊ မျှော်လင့်ထားပြီးလည်း ဖြစ်ကြောင်း ပြောဆိုပါတယ်။

ဒီဗိုင်းရပ်စ်ပိုးဟာ ကြက်ငှက်ကနေ လူကိုကူးစက်တာဖြစ်တယ်လို့ ယုံကြည်ရတဲ့အကြောင်း၊ အခုချိန်ထိတော့ လူကနေ လူကို ကူးစက်တဲ့လက္ခဏာမျိုး မတွေ့ရသေးတဲ့အကြောင်း WHO အဖွဲ့က ပြောပါတယ်။ လူကိုရောဂါ ကူးစက်ခဲ့မှု ဘယ်လိုဖြစ်ခဲ့ရတယ်ဆိုတာကို စုံစမ်းလေ့လာဖော်ထုတ်နေဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
XS
SM
MD
LG