သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြက်ငှက်တုပ်ကွေး ပိုးသစ်ကြောင့် တရုတ်မှာ ငါးဦးသေဆုံး


ကြက်ဌက်တုတ်ကွေး စစ်ဆေးနေစဉ်။
ကြက်ဌက်တုတ်ကွေး စစ်ဆေးနေစဉ်။
တရုတ်နိုင်ငံတဝှမ်းမှာ ကြက်ငှက်တုပ်ကွေး ပိုးအသစ်ကြောင့် သေဆုံးသူဟာ ၅ ယောက် ရှိသွားပါပြီ၊ သူ့အလုပ်ကြောင့် ကြက်ငှက်တွေနဲ့ တိုက်ရိုက် ထိတွေ့ရသူ အသက် ၄၈ နှစ်အရွယ် ရှန်ဟိုင်းက အမျိုးသားတယောက်သေဆုံး သွားတယ်ဆိုတာကို တရုတ်တာဝန်ရှိသူတွေနဲ့ အစိုးရ သတင်းမီဒီယာတွေက ကြာသပတေးနေ့က အတည်ပြုခဲ့ပါတယ်။

နောက်တယောက် ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောခြင်း မရှိသေးပေမဲ့ သူဟာလဲ ရှန်ဟိုင်းမြို့က ဖြစ်ပါတယ်။ H7N9 အမျိုးအစား ကြက်ငှက်တုပ်ကွေးကူးစက်နေသူ စုစုပေါင်း ၁၄ ယောက် ရှိသွားပြီလို့ တရုတ်တာဝန်ရှိသူတွေက အတည်ပြုပါတယ်။ ဒီအမျိုးအစားကြက် ငှက်တုပ်ကွေးဟာ အခုအချိန်မတိုင်ခင်အထိက လူတွေကို ကူးစက်နိုင်တယ်လို့ မသိခဲ့ကြပါဘူး၊ ဒီ အမျိုးအစား Virus ဟာ လူတယောက် ကနေ နောက်တယောက်ကို ကူးစက်နိုင်စွမ်း မရှိတဲ့အတွက် ဘယ်လိုကြောင့် လူတွေမှာ ရောဂါကူးစက်ဖြစ်ပွားတယ်ဆိုတာကို အတိအကျ မသိရသေးဘူးလို့ တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ က ပြောပါတယ်။ ဈေးတခု မှာတွေ့ရတဲ့ ခို တကောင်ကို နမူနာယူ စစ်ဆေးရာမှာ H7N9 Virus ကိုတွေ့ရ တယ်လို့ ရှန်ဟိုင်းမြို့တာဝန်ရှိသူတွေက ကြာသပတေးနေ့က ပြောပါတယ်၊

ဒီအမျိုးအစား Virus ပိုး လူတွေမှာ ကူးစက်နေတာဟာ အင်မတန် စိုးရိမ်စရာဖြစ်တယ် လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်၊ တရုတ်နိုင်ငံက ကြက်ငှက် တုပ်ကွေးကြောင့် ဒေသတွင်း မှာလည်း စိုးရိမ်စိတ်တွေ ထွက်ပေါ်နေပါတယ်။ ဟောင်ကောင်မှာ ကြက်ဘဲခြံတွေကို တာဝန်ရှိသူတွေ စတင်စောင့်ကြည့် စစ်ဆေးနေပြီး တရုတ်ပြည်မကြီးက ကြက် ဘဲ အရှင်တွေ တင်ပို့တာကို ယာယီ တားဆီးထားပါတယ်၊ ဂျပန်မှာဆိုရင်လည်း
တရုတ်နိုင်ငံဖက်က လာတဲ့ လေယာဉ်ခရီးသည်တွေထဲမှာ တုပ်ကွေးရောဂါ လက္ခဏာတေ့ွရသူတွေကို သတင်းပို့ဖို့ ဂျပန်အစိုးရအဖွဲ့ဝန်ကြီးက ညွှန်ကြားထားပါတယ်။
XS
SM
MD
LG