သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျက်ကျ လေယာဉ် အမြီးပိုင်းမှာ black box မတွေ့


AirAsia Flight 8501 က ဆယ်ယူလာတဲ့ လေယာဉ်ပျက်အပိုင်းအစ (ဇန်နဝါရီ ၁၁၊ ၂၀၁၅)
AirAsia Flight 8501 က ဆယ်ယူလာတဲ့ လေယာဉ်ပျက်အပိုင်းအစ (ဇန်နဝါရီ ၁၁၊ ၂၀၁၅)

ပျောက်ဆုံးသွားခဲ့ပြီး ပင်လယ်ပြင်အတွင်းမှာ နစ်မြုပ်နေတဲ့ AirAsia လေကြောင်းခရီးစဉ် ၈၅၀၁ လေယာဉ်ပျက် ရောက်ရှိနေတဲ့နေရာနဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာ blackbox ရှိတဲ့နေရာတွေကို အမှတ်အသားပြုလုပ်ထားနိုင်ပြီဖြစ်တယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ပြောပါတယ်။

Blackbox ဟာ လေယာဉ်ပျက်ရဲ့ အစိတ်အပိုင်းတွေကြားမှာ ညပ်နေတယ်လို့ ယုံကြည်ရပြီး ဆယ်ရခက်နေတယ်လို့ ရေကြောင်းဆိုင်ရာ တာဝန် ရှိသူတွေက ပြောပါတယ်။

လေယာဉ်ရဲ့ နောက်မြီးပိုင်းကို ရေပေါ်ပေါ်စေတဲ့ ကရိယာတွေ အသုံးပြုပြီး စနေနေ့က ဆယ်ယူနိုင်ခဲ့ပေမယ့် အင်ဒိုနီးရှား စုံစမ်းစစ်ဆေးရေး တာဝန် ရှိသူတွေဟာ အဲဒီထဲက ပျံသန်းမှု မှတ်တမ်းတင် ကိရိယာကို ရှာမတွေ့ခဲ့ပါဘူး။ ဒီပစ္စည်းကို ရှာဖွေတွေ့ရှိမှသာ လူပေါင်း ၁၆၂ ဦး စီးနင်း လိုက်ပါသွားတဲ့ လေယာဉ် ဘာကြောင့် ပျက်ကျခဲ့ရတယ်ဆိုတဲ့ အရေးကြီးတဲ့အဖြေကို သိနိုင်မှာဖြစ်ပါတယ်။

ရှာဖွေနေကြသူတွေဟာ ပျက်ကျသွားခဲ့တဲ့ လေယာဉ်ရဲ့ blackbox က အချက်ပေးသံကို သောကြာနေ့မှာ ဖမ်းယူရရှိခဲ့တာပါ။ ဒါပေမယ့် ဒီကိရိယာဟာ လေယာဉ်အမြီးပိုင်းနဲ့ တကွဲတပြားစီဖြစ်သွားပုံရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG