သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Chibok မြို့ Boko Haram သိမ်း


Boko Haram အဖွဲ့က ထုတ်တဲ့ ဗွီဒီယိုဖိုင်တခုမှာ သံချပ်ကာကားနဲ့ ဟန်ရေးပြနေတဲ့ စစ်သွေးကြွအဖွဲ့ကို မြင်ရပုံ။
Boko Haram အဖွဲ့က ထုတ်တဲ့ ဗွီဒီယိုဖိုင်တခုမှာ သံချပ်ကာကားနဲ့ ဟန်ရေးပြနေတဲ့ စစ်သွေးကြွအဖွဲ့ကို မြင်ရပုံ။

နိုင်ဂျီးရီးယားကျောင်းသူ ၂၀၀ ကျော် April လက ပြန်ပေးဆွဲ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံအရှေ့မြောက်ဖက်က (Chibok) မြို့ကို Boko Haram စစ်သွေးကြွ အဖွဲ့က သိမ်းပိုက်လိုက်ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Borno နဲ့ Adamawa ပြည်နယ်တွေက မြို့တော်တော်များများကို Boko Haram အဖွဲ့က ဒီနှစ်ထဲမှာ သိမ်းပိုက်ခဲ့ပြီး အဖွဲ့ခေါင်းဆောင် Abubakar Shekau က သူထိန်းချုပ်ထားတဲ့နေရာတွေမှာ အစ္စလာမ်လောကရဲ့ ခေါင်းဆောင်ကြီး calipha လို အုပ်ချုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်၊ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ဂျန် စာကီး (Jen Psaki) ကတော့ ချီးဘော့ခ် (Chibok) မြို့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး နိုင်ဂျီးရီးယားအစိုးရကို ဆက်လက် ကူညီသွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒီနှစ်ဧပြီလ ၁၄ ရက်နေ့တုန်းက ချီးဘော့ခ်မြို့က အထက်တန်းကျောင်းသူလေးတွေ ပြန်ပေးဆွဲခံရတဲ့ သတင်းဟာဆိုရင် နိုင်ငံတကာ ထိပ်တန်းသတင်း ဖြစ်ခဲ့သလို ကမ္ဘာတဝှမ်းမှာ အကြီးအကျယ် ဒေသထွက်ခဲ့ကြပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ တခြားမဟာမိတ်နိုင်ငံကနေ ခြေရာခံ စုံစမ်းထောက်လှမ်းမှုတွေမှာ ကူညီပေးနေပေမဲ့လို့ ဒီကျောင်းသူလေးတွေကို အခုထိတော့ နိုင်ဂျီးရီးယားအစိုးရအနေနဲ့ ကယ်တင်နိုင်ခြင်း မရှိသေးပါဘူး။

XS
SM
MD
LG