သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

La Paz မှာရှိတဲ့ အမေရိကန်သံရုံး ပိတ်ဖို့ ဘိုလီးဗီးယားသမ္မတ အဆိုပြု


အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီရဲ့သတင်းတွေကို ဖွင့်ချခဲ့တဲ့ အက်ဝပ် စနိုဒန် (Edward Snowden) ပါလာတယ်လို့ သံသယရှိတဲ့အတွက် Bolivia သမ္မတ Evo Morales ခရီးသည်အဖြစ် လိုက်ပါလာတဲ့ လေယာဉ်ကို ဥရောပမှာ ဆင်းသက် ခိုင်းခဲ့တာနဲ့ ပတ်သက်လို့ သမ္မတ Morales ကို ထောက်ခံကြတဲ့
တောင်အမေရိကနိုင်ငံ ခေါင်းဆောင်တွေ Bolivia နိုင်ငံမှာ တွေ့ဆုံကြချိန်မှာ La Paz မှာ ရှိတဲ့ အမေရိကန်သံရုံးကို ပိတ်ပစ်ဖို့ Bolivia သမ္မတက တောင်းဆိုလိုက် ပါတယ်။

Argentina၊ Ecuador၊ Suriname, Uruguay and Venezuela သမ္မတတွေဟာ ကြာသာပတေးနေ့က Bolivia မြို့တော် Cochabamba မှာ တွေ့ဆုံခဲ့ကြပါတယ်။ ခုသီတင်းပတ် အစောပိုင်းက Bolivian သမ္မတ လိုက်ပါလာတဲ့ လေယာဉ်ကို လေကြောင်းပိုင်နက်ထဲက ဖြတ်ပြီး ပျံသန်းခွင့် မပေးခဲ့တဲ့အတွက် ပြင်သစ်၊ အီတလီ၊ ပေါ်တူဂီ နဲ့ စပိန်နိုင်ငံတွေအနေနဲ့ သူ့ကို တောင်းပန်ဖို့ Bolivia သမ္မတက တောင်းဆိုလိုက်ပါတယ်။ အဲ့ဒီ ဥရောပနိုင်ငံတွေရဲ့ လေကြောင်းပိုင်နက် ဖြတ်သန်းခွင့် ငြင်းဆန်ခဲ့တာဟာ အမေရိကန်ဘက်က ဖိအားပေးခဲ့လို့ ဖြစ်တယ်လို့ သမ္မတ Morales က ပြောဆိုပါတယ်။

Bolivian သမ္မတရဲ့ လေယာဉ်ကို သြစတြီးယားနိုင်ငံ Vienna မြို့မှာ ဆင်းသက်ခိုင်းပြီး သမ္မတ Morales အပြောအရ ဒါဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလေယာဉ်ပေါ်မှာ Snowden ပါမလာဘဲ ဗုဒ္ဓဟူးနေ့ကတော့ သမ္မတပါလာတဲ့ လေယာဉ်ကို ထွက်ခွာခွင့် ပေးလိုက်တယ်လို့ သြစတြီးယား တာဝန်ရှိသူတွေက ပြောပါတယ်။

ရုရှားနိုင်ငံမှာ အစည်းအဝေးတက်ဖို့ ရောက်ရှိစဉ်က Snowden ကို Bolivia နိုင်ငံမှာ ခိုလှုံခွင့်ပေးမယ်လို့ သမ္မတက ပြောဆိုပါတယ်။ တောင်အမေရိကန်သမ္မတတွေက ဒီကိစ္စအတွက် ရှေ့ဆက်ဆွေးနွေးဖို့ ဇူလိုင်လ ၁၂ ရက်နေ့မှာ ဥရုဂွေးနိုင်ငံမှာ အစည်းအဝေး ခေါ်ထားတယ်လို့ Bloomberg သတင်းက ဖော်ပြပါတယ်။

Snowden ဟာ ခုထက်ထိ သတင်း အစအန ပျောက်နေပြီး မော်စကိုမြို့လေဆိပ် နိုင်ငံတကာခန်းမမှာ ရှိနေဆဲဖြစ်တယ်လို့ ယူဆရပါတယ်။
XS
SM
MD
LG