သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မသင်္ကာဖွယ် ထိုင်းဗုံးခွဲသူ ဖောက်ခွဲပစ္စည်း ပိုင်ဆိုင်ကြောင်း ဝန်ခံ


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဧရာဝဏ်နတ်ကွန်းဗုံးဖောက်ခွဲသူအဖြစ် သံသယရှိသူ Yusufu Mieraili
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဧရာဝဏ်နတ်ကွန်းဗုံးဖောက်ခွဲသူအဖြစ် သံသယရှိသူ Yusufu Mieraili

ထိုင်းနိုင်ငံ ဘန်ကောက်က ဧရာဝဏ်လေးမျက်နှာဘုရား ဗုံးဖေါက်ခွဲမှုနဲ့ဆက်နွယ်ပြီး အဖမ်းခံနေရသူ Yusufu Mieraili က ဖေါက်ခွဲရေးပစ္စည်းတွေကို သူပိုင်ဆိုင်ကြောင်းဝန်ခံခဲ့တယ်လို့ ရဲက ပြောပါတယ်။

သူဟာ နိုင်ငံခြားသားတယောက်ဖြစ်ပြီး လူ ၂၀ သေဆုံးခဲ့ရတဲ့ ဧရာဝဏ်လေးမျက်နှာဘုရားမှာ ဖေါက်ခွဲရေးဗုံးထောင်ခဲ့သူမဖြစ်နိုင်ဘူးလို့ တာဝန်ခံအရာရှိတွေက ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြောကြားခဲ့တာပါ။ ဒါပေမယ့် ဗုံးလုပ်တဲ့ပစ္စည်းတွေ ဖမ်းမိခဲ့တဲ့အခန်းမှာသူ့ရဲ့ DNA နဲ့ ကိုက်ညီတာကို တွေ့ခဲ့ရတာမို့ သူဟာဒီဗုံးဖေါက်ခွဲမှုနဲ့ ပတ်သက်နေမှာတော့ သေချာတယ်လို့ ဆိုပါတယ်။

နောက် နိုင်ငံခြားသားတစ်ယောက်ဖြစ်တဲ့ Adem Karadak ကိုလည်း ဗုံးဖေါက်ခွဲမှုနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထားတာပြီး နောက်ထပ် ဖမ်းဝရမ်းအသစ် ၂ ခုကိုပါ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဗုံးဖေါက်ခွဲမှုနဲ့ဆက်နွယ်ပြီးမေးမြန်းဖို့ အလိုရှိနေသူ အများအပြားစာရင်းထဲမှာ ထိုင်း မူဆလင်အမျိုးသမီး တစ်ဦးလည်း ပါဝင်ပါတယ်။

ဖမ်းထားတဲ့ ဒီနိုင်ငံခြားသား ၂ ယောက်ဟာဘယ်နိုင်ငံသားတွေလဲဆိုတာနဲ့ပတ်သက်ပြီး တာဝန်ခံအရာရှိတွေက တစုံတရာ ထုတ်မပြောပေမယ့် Mieraili ဟာ တရုတ်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားပြီး သူ့မွေးရပ်ဟာ Uighur မူစလင်လူနည်းစုတွေ နေထိုင်ရာ Xinjiang ပြည်နယ်လို့ ဖေါ်ပြထားပါတယ်။

ထိုင်းသတင်းတွေကတော့ ဒီဗုံးဖေါက်ခွဲမှုဟာ ဇူလိုင်လတုန်းက Uighur မူဆလင် ၁၀၀ ကျော်ကို ထိုင်းအစိုးရက ပြန်ပို့တာနဲ့ ဆက်နွယ်နေနိုင်တယ်လို့ ကောက်ချက်ချ ရေးသားခဲ့ကြပါတယ်။ သူတို့ကို အတင်းအကြပ် တရုတ်နိုင်ငံ ပြန်ပို့ခဲ့တဲ့ နောက်ဆက်တွဲအဖြစ် Istanbul မှာ ထိုင်းနဲ့ တရုတ်သံရုံးတွေ ပစ်မှတ်ထားတဲ့အကြမ်းဖက်ဆန္ဒပြမှုတွေ ဖြစ်ပွါးခဲ့ပါတယ်။

ဧရာဝဏ်လေးမျက်နှာဘုရားဟာ တရုတ်ခရီးသွားတွေကြား ရေပန်းစားတဲ့ နေရာတနေရာ ဖြစ်တာမို့ တရုတ်အစိုးရရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ Uighur တွေက ဒီနေရာကို ပစ်မှတ်ထား တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့လည်း ထင်ကြေးပေးနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG