သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင် နယ်စပ် ကုန်သွယ်သူများကို အရေးယူမည်


 နယ်စပ်ဖြတ်ကျော်သူများကို စစ်ဆေးနေစဉ်။
နယ်စပ်ဖြတ်ကျော်သူများကို စစ်ဆေးနေစဉ်။
မြန်မာနိုင်ငံမှာ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဌာန နယ်စပ်ကုန်သွယ်ရေး ကုန်သွယ်ရေးဦးစီးဌာနက နေပြီးတော့ တရားမဝင် ကုန်တင်ပို့မူတွေ ကျဆင်းရေးအတွက်နဲ့ စားသုံးသူတွေရဲ့ ဘေးအန္တရယ်ကို ကာကွယ်တဲ့အနေနဲ့ နိုဝင်ဘာလ ၁ရက်နေ့ကစပြီး တရားမဝင် ကုန်သွယ်မှုကို တားဆီးမှုတွေကို လုပ်ဆောင်နေပြီဖြစ်ပါတယ်။ အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

တရုတ်မြန်မာနယ်စပ်မူဆယ် မန္တလေးကားလမ်းနဲ့ ထိုင်းမြန်မာနယ်စပ် မြဝတီ ရန်ကုန်ကားလမ်းတွေမှာ တရားမဝင် ကုန်စည်တွေကို တားဆီးတဲ့ ပညာပေးမူကို မြန်မာနိုင်ငံ စီပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဌာန နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနကနေ ဦးစီးပြီး လုံခြုံရေးအာဏာပိုင်တွေက တားဆီးပညာပေးမူကို စတင်ခဲ့တာဖြစ်ကြောင်း နယ်စပ်ကုန်သွယ်ရေးဌာန ညွန်ကြားရေးမှူးးချုပ်ရုံးက တာဝန်ရှိသူတဦးက အခုလိုပြောပြပါတယ်။

“ တရားမဝင်တားဆီးတာတွေ ဘယ်လိုဖြစ်လာလည်းဆိုတော့ တရားဝင်အခွန်ဆောင်ပြီးတဲ့သူတွေနဲ့ တရားဝင်အခွန်ဆောင်တဲ့သူကျတော့ တရားဝင်အခွန်ဆောင်တဲ့သူတွေက မယှဉ်နိုင်ဘူး။ ဥပမာအားဖြင့် အရင်တုန်းက အချိုမှုန့် ကျနော်တို့က မပေးဘူး။ အခုအချိုမှုန့်ပေးလိုက်တယ်။ အဲ့ဒီ့မှာ ဂျူတီရော ဘာရော တစ်တန်ကို ကိုးသောင်းခွဲလောက်ကျတာပေါ့။ ဒီကနေ လားရှိုးဆိုရင်လေ။ ဂျူတီကျတို့ ဘာတို့ပေါ့။ အဲ့ဒီ့မှာ ကျနော်တို့က ဂျူတီလျှော့ပေးလိုက်တယ်။ ကိုးသောင်းခွဲလောက်ရှိတဲ့အချိန်မှာ။ ကားခတော့ မပါသေးဘူးပေါ့။ အဲ့ဒီ့မှာ တကယ်တမ်း သယ်တဲ့သူတွေက ကိုးသောင်းနဲ့ ကားနဲ့ အပြီးအစီး မန္တလေးအရောက် သယ်နေကြတယ်။ အဲ့တော့ ဘာဖြစ်လည်းဆိုတော့ အဲ့မှာ FDA ထောက်ခံချက်တွေလည်း မပါဘူးပေါ့။ ကျနော်တို့ဆီမှာ လိုင်စင်ပေးတာကျတော့ FDA ထောက်ခံချက်ပါတယ်။ အချိုမူန့်က ဘာတွေရော မရောမှန်းမသိဘူး။ အဲ့တာတချက်ပေါ့။ စားသုံးသူလည်း ဒုက္ခရောက်တာပေါ့။ နောက် တကယ်တမ်း သွင်းတဲ့ အမှန်အကန်ရောင်းတဲ့သူတွေလည်း မလုပ်နိုင်တော့ဘူး ။ အဲ့တော့ ကျနော်တို့က ဒါတွေကို များလာလို့ရှိရင် ပြည်သူလူထုအတွက် အများကြီး ဒုက္ခရောက်မယ်။ နောက်တခါ တကယ့်လုပ်ငန်းရှင်တွေလည်း အမှန်အကန်လမ်းကြောင်းတွေကနေ မလုပ်နိုင်တော့ဘူး။ သူတို့အသံတွေက ထွက်လာတာပေါ့။ အဲ့တာကြောင့် စစ်တာပါ။ စစ်ပေမယ့် အခုက ပညာပေးကာလပေါ့။ တကယ်လုပ်တဲ့သူတွေလည်း မနစ်နာအောင်၊ မဟုတ်တာပါလာလို့ရှိရင် ကျနော်တို့က လိုင်စင်ဆောင်လို့ရတဲ့ပစ္စည်းတွေ အခွန်ပြန်ဆောင်ခိုင်းမှာပေါ့။ ကန့်သတ်ပိတ်ပင်မှု တော့မရှိပါဘူး။ ကန့်သတ်ပိတ်ပင်တဲ့ပစ္စည်းထဲမှာ မူးယစ်ဆေးဝါးတို့၊ လက်နက်ခဲယမ်းတို့ နိုင်ငံတော်အတွက် အရေးကြီးတဲ့ပစ္စည်းတွေ ဒါလေးတွေဆိုရင်တော့ သိမ်းမှာ ဆည်းမှာပေါ့လေ။ ဒါ ဒီဇင်ဘာလအထိ ပညာပေးကာလ သတ်မှတ်ထားတာပေါ့လေ။”
တရားမဝင် တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေထဲမှာ စားသောက်ကုန်တွေ များပြားလာတဲ့အတွက် အဲဒ့ီအစီအစဉ်ကို လုပ်ခဲ့ရတာဖြစ်တယ်လို့လည်းဆက်ပြောသွားပါတယ်။
“ ကျနော်တို့ ကားတစီးလာတယ်ဆိုရင် အဲ့ဒီ့ကားပေါ်မှာ စာရွက်စာတမ်းတွေ လုပ်ထားလား၊ လိုင်စင်တွေ လုပ်ထားလား။ ကာစတမ်မာ အကောက်ခွန်တင်ပြလား။ ဒါတွေ ဆောင်ပြီး မဆောင်ပြီး စစ်မှာပါ။ စစ်ပြီးရင် ကျနော်တို့က ဒါတွေ ပါတယ်ဆိုရင် ကျနော်တို့က ဘာမှ မလုပ်တော့ပါဘူး။ နည်းနည်းလေး ထိန်းကျောင်းပေးတဲ့သဘောပါပဲ။ အခုက တအားများလာလို့လေ။”

ထိုင်းနိုင်ငံဘက်ခြမ်းကနေ မြန်မာနိုင်ငံဘက်ကို ဓါတ်မြေသြဇာ ပလက်စတစ်ပစ္စည်း အချိုမှုန့်ဆေးဝါးတချို တင်သွင်းနေတဲ့ ထိုင်းကုန်သည်တဦးကတော့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံက ကုန်ပစ္စည်းယူနေတဲ့ ဖောက်သည်တွေအနေနဲ့အခုလက်ရှိမှာ အရောင်းပါးနေပြီး ဒီလိုကန့်သတ်မှုတွေ ထပ်ရှိလာဦးမယ်ဆိုရင်တော့ တွက်ခြေကိုက်မယ်လို့ မထင်ကြောင်း ပြောပါတယ်။

“ဖောက်သည်ရန်ကုန်ဆင်းသွားတယ်။ မပြန်လာသေးဘူးလေ။ အချိုမှုန့် အမ ဆိုင်မှာ မရှိဘူး။ သူတို့ ဆိုင်းထားတယ်လေ။ အများကြီး ထိုင်းသွားတယ်။ မကိုက်ဘူး အမ။”
ထိုင်းမြန်မာနယ်စပ်နဲ့ တရုတ် မြန်မာနယ်စပ်ကနေ တင်သွင်းလာတဲ့ကုန်ပစ္စည်းရဲ့ တန်ဖိုးကိုမေးတဲ့အခါမှာ တရားမဝင်တင်သွင်းမှုတွေ ရှိနေတဲ့အတွက် ခန့်မှန်းပြောဆိုဖို့ ခက်ခဲ့ကြောင်း တရားဝင် တင်သွင်းတဲ့ တန်ဖိုးကိုပဲ နယ်စပ်ကုန်သွယ်ရေးဌာန ညွန်ကြားရေးမူးချုပ်ရုံးက တာဝန်ရှိသူတဦးကပြောပြပါတယ်။

“စာရင်းကတော့လေ နှစ်ဘက်စလုံးက စာရင်းကတော့ များတော့များတာပေါ့လေ။ တရားမဝင်ဆိုတော့ ကျနော်တို့က စာရင်းမပေးတော့လေ။ ဘယ်လိုမှကို စာရင်းအတိအကျပြောလို့မရဘူး။ တရားဝင်အနေနဲ့ဆိုရင်တော့ မူဆယ်ဘက်ကတော့ များတာပေါ့လေ။ ပို့ကုန်သွင်းကုန်က မြဝတီဘက်မှာ သန်း၈၀လောက်ပဲရှိတာပေါ့။ သန်း ၂၀၀ဝန်းကျင်လောက်ရှိတာပေါ့။ တရားမဝင်ကျတော့ စာရင်းမရတော့ မသိဘူးဖြစ်နေတာပေါ့။”

ထိုင်းဘက်ကနေ မြန်မာနိုင်ငံဘက်ကို တင်သွင်းတဲ့ စားသောက်ကုန်တွေထဲမှာ ဆီနဲ့အချိုမှုန့် အချိုရည် မုန့်မျိုးစုံ ဖြစ်ပြီး တရုတ်နိုင်ငံဘက်ကနေ တင်သွင်းတဲ့အထဲမှာလည်း အချိုမှုန့် ဆီတွေ ပါဝင်တဲ့အတွက် တရားမဝင်တဲ့နည်းနဲ့ တင်သွင်းလာတဲ့ စားသုံးဆီတွေဟာ ဈေးပေါပြီး အန္တရယ်များတဲ့အကြောင်း ပြီးခဲ့တဲ့လတွေတုန်းကပဲ အစိုးရဘက်က ပညာပေးမှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာလ ၁ရက်နေ့ကစပြီး တရားမဝင်ကုန်ပစ္စည်းတွေနဲ့ပတ်သက်လို့ ပညာပေးတဲ့ အနေနဲ့ တားဆီးမှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး ဒီဇင်ဘာလကုန်ရင်တော့ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မူတွေ လုပ်သွားဖို့ ရှိတယ်ဆိုပြီး နယ်စပ်ကုန်သွယ်ရေးဌာန ညွန်ကြားရေးမူးချုပ်ရုံးက တာဝန်ရှိသူက ပြောသွားပါတယ်။
XS
SM
MD
LG