သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Boston ဗုံးခွဲမှု သံသယရှိသူနှစ်ဦး ဓါတ်ပုံ ထုတ်ပြန်


 ဘော်စတွန်ဗုံးခွဲမှု သံသယရှိသူနှစ်ဦး ဓာတ်ပုံ
ဘော်စတွန်ဗုံးခွဲမှု သံသယရှိသူနှစ်ဦး ဓာတ်ပုံ
အမေရိကန်ပြည်ထောင်စု Boston မြို့က မာရသွန်အပြေးပြိုင်ပွဲမှာ တနင်္လာနေ့က ဗုံးပေါက်ကွဲမှုနဲ့ပါတ်သက်ပြီး သံသယရှိသူ ၂ ယောက်ရဲ့ ဓါတ်ပုံတွေကို ဗဟိုအစိုးရ ထောက်လှမ်းရေးဗြူရို FBI က ထုတ်ပြန်လိုက်ပါတယ်၊ ရရှိတဲ့ ဓါတ်ပုံတွေ၊ Video ပုံတွေကို အသေးစိတ်လေ့ လာပြီးတဲ့နောက် မှာ ကျောပိုးအိတ်လွယ်ထားပြီး ဦးထုပ်ဆောင်ထားကြတဲ့ သူ ၂ ယောက်ရဲ့ ဓါတ်ပုံတွေကို FBI က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

သံသယရှိသူ ပထမတယောက်က ဦးထုပ် အမဲရောင်ကို ဆောင်းထားပြီး၊ ဒုတိယတယောက်က ဦးထုပ် အဖြူရောင်ကို ဆောင်းထားကြပါတယ်၊ စားသောက်ဆိုင်တခုရဲ့ အပြင်ဖက် ဒုတိယမြောက် ဗုံးပေါက်ကွဲခဲ့တဲ့နေရာမှာ ဦးထုပ်အဖြူရောင်ဆောင်းထားသူက ကျော်ပိုးအိတ်ကို ချထားခဲ့တယ်လို့ ဒီဗုံးကွဲမှုကို ဦးဆောင် စုံစမ်းနေတဲ့ FBI တာဝန်ရှိသူ Richard ဒီလိုဗီရေး DesLauriers ကပြောပါတယ်။ ဒီလူ ၂ ယောက်လုံးဟာ အင်မတန်မှ အန္တရာယ်ရှိပြီး လုံခြုံရေးအာဏာပိုင်တွေကလွဲလို့ သူတို့ကို မချဉ်းကပ်သင့်ဘူးလို့လဲ စုံစမ်းစစ်ဆေးမှုနဲ့ ပါတ်သက်တဲ့ ကြာသပတေးနေ့ သတင်းစာရှင်းပွဲမှာ FBI တာဝန်ရှိသူက ပြောပါတယ်။

ကြာသပတေးနေ့ အစောပိုင်းတုန်းကတော့ ဗုံးကွဲမှုမှာ သေဆုံး ဒဏ်ရာရသူတွေ အတွက်ပြုလုပ်တဲ့ ဘာသာပေါင်းစုံ ဆုတောင်းပွဲကို သမ္မတ Barack Obama တက်ရောက်ခဲ့ပါတယ်၊ Boston မြို့ ဘုရားရှိခိုးကျောင်းတခုမှာ ပြုလုပ်တဲ့ ဆုတောင်းပွဲမှာ သမ္မတက တနိုင်ငံလုံး စည်းလုံးပြခြင်းဟာ အကောင်းဆုံး တုံ့ပြန်မှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်၊ ဆုတောင်းပွဲအပြီးမှာတော့ Boston ဆေးရုံမှာ ကုသခံနေသူတွေကို သမ္မတအိုဘားမား သွားရောက် အားပေးခဲ့ပါတယ်။
XS
SM
MD
LG