သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘော်စတွန်ဗုံးတရားခံ ဒဏ်ရာပြင်းထန်


ဘော်စတွန်ဗုံးခွဲမှု သံသယရှိသူ Dzhokhar Tsarnaev
ဘော်စတွန်ဗုံးခွဲမှု သံသယရှိသူ Dzhokhar Tsarnaev
ဘော်စတွန် မာရသွန် ဗုံးပေါက်ကွဲမှုကို လုပ်ဆောင်တယ်လို့ သံသယရှိခံရသူ Dzhokhar Tsarnaev ဟာ ထိခိုက်ဒဏ်ရာရမှုကြောင့် စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပြီးတော့ ဘော်စတွန်မြို့က ဆေးရုံမှာ အစောင့်အကြပ် ထူထူထပ်ထပ်နဲ့ ရှိနေပါတယ်။ ၂၄ နာရီကြာ ရဲက လိုက်ရှာပြီးတော့မှ ရဲက သူ့ကို ဘော်စတွန်မြို့ ဆင်ခြေဖုံးတခုမှာ ဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးမိတုန်းက သွေးထွက်လွန်နေပြီဖြစ်တဲ့ Dzhokhar Tsarnaev ကို သူနဲ့သူ့အစ်ကို ဘာကြောင့် ဗုံးခွဲရလဲဆိုတာကို မေးခွန်းကို ပြန်ဖြေနိုင်တဲ့အနေအထားမှာ မရှိဘူးလို့ စုံစမ်းစစ်ဆေးရေး အရာရှိတွေက ပြောပါတယ်။ သူ့ကို ဘာအမှုနဲ့ တရားစွဲမလဲဆိုတာ ပြည်ထောင်စုအစိုးရရှေ့နေတွေ စဉ်းစားဆုံးဖြတ်နေကြဆဲ ဖြစ်ပါတယ်။ သူ့ကို တရားရုံးတင်ရင်လည်း ပြည်ထောင်စုအစိုးရက ပေးတဲ့ တရားခံရှေ့နေက ကာကွယ်လျှောက်လဲမယ်လို့ ရှေ့နေရုံးက ပြောပါတယ်။

ဗုံးခွဲသူနှစ်ဦးထဲက တဦး သေဆုံးသွားပြီးတော့ နောက်တဦးကလည်း ဖမ်းမိထားပြီဖြစ်လို့ ဘော်စတွန်ဒေသခံတွေလည်း တပတ်အတွင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ်နဲ့ စနေနေ့ကတော့ စိတ်အေးချမ်းသာရှိသွားကြတာ တွေ့ရပါတယ်။
XS
SM
MD
LG