သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Boston Marathon ဗုံးပေါက်ကွဲမှု လူ ၃ ဦးသေ ၁၇၀ ကျော်ဒဏ်ရာရ


Boston မာရသွန်ပြိုင်ပွဲ ကျင်းပစဉ် ဗုံးပေါက်ကွဲမှုဖြစ် (၁၅ ဧပြီ ၂၀၁၃)
Boston မာရသွန်ပြိုင်ပွဲ ကျင်းပစဉ် ဗုံးပေါက်ကွဲမှုဖြစ် (၁၅ ဧပြီ ၂၀၁၃)
အမေရိကန်ပြည်ထောင်စု Massachusetts ပြည်နယ် Boston မြို့မှာ ဗုံးနှစ်လုံးကွဲတာကြောင့် လူသုံးဦး သေဆုံးပြီး၊ လူ ၁၇၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ အဲ့ဒီအထဲ ၁၇ ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။

တနင်္လာနေ့ မာရသွန်ပြိုင်ပွဲ လုပ်နေရာမှာ ပန်းဝင်မယ့် လိုင်းအနီးမှာ ပေါက်ကွဲ သွားခဲ့တာပါ။ အဲ့ဒီနောက် သိပ်မကြာခင်မှာပဲ Boston မြို့ John F Kennedy စာကြည်တိုက်မှာလည်း နောက်ထပ် တတိယဗုံး ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။

အဲ့ဒီမှာတော့ အထိအခိုက် အသေအပျောက် ရှိ မရှိ မသိရပါဘူး။ ဒီဖြစ်ရပ်နဲ့ပတ် သက်လို့ သမ္မတ အိုဘားမား က အမေရိကန် ဝါရှင်တန်စံတော်ချိန် ညနေ ၆ နာရီက မိန့်ခွန်းတို ထွက်ပြောရာမှာတော့ - ပေါက်ကွဲမှုကို ဘယ်သူလုပ်တယ်၊ ဘာကြောင့် လုပ်တယ်ဆိုတာကို စုံစမ်းဖော်ထုတ်သွားမှာဖြစ်ပြီး၊ အခုအချိန်အထိတော့ ဘယ်သူ့လက်ချက် ဖြစ်တယ်ဆိုတာ မသိရသေးဘူးလို့ ပြောသွားပါတယ်။

Boston ပေါက်ကွဲမှုဖြစ်ပြီးနောက် သမ္မတ မိန့်ခွန်းပြောကြားစဉ်
Boston ပေါက်ကွဲမှုဖြစ်ပြီးနောက် သမ္မတ မိန့်ခွန်းပြောကြားစဉ်
တာဝန်ရှိတဲ့ တဦးတယောက်ဖြစ်ဖြစ်၊ အဖွဲ့အစည်းကိုပဲဖြစ်ဖြစ် ရှာဖွေဖော်ထုတ် အရေးယူသွားမယ်လို့ သမ္မတ အိုဘားမား က ပြောခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ စနစ်တကျ ကြိုတင်စီမံလုပ်တဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့ Massachusetts
ပြည်နယ် အောက်လွှတ်တော်အမတ်က ပြောပါတယ်။ ဒါပေမဲ့ ရဲဘက်ကတော့ အခင်းဖြစ်တဲ့နေရာမှာ အသေးစိတ် အခြေအနေတွေကို စစ်ဆေးဆဲရှိပါတယ်။

ရုပ်မြင်သံကြား သတင်းတွေမှာတော့ ပေါက်ကွဲမှု ဖြစ်သွားတဲ့ပုံတွေ၊ နောက်ပိုင်း အပျက်အစီးတွေနဲ့ သွေးအစအနတွေ ထိခိုက်သူတွေကို မြင်ရပါတယ်။ ပေါက်ကွဲ မှုဖြစ်ချိန် မာရသွန်ပြိုင်ပွဲဝင်သူပေါင်း ၂ သောင်း ၇ ထောင်လောက်ရှိပြီး၊ ပထမဆုံး မာရသွန် အပြေးသမားက ပန်းဝင်လိုင်းကို ဖြတ်ကျော်ပြီး သိပ်မကြာခင်မှာပဲ ပေါက် ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် ပြိုင်ပွဲကို ရပ်လိုက်ရပါတယ်။ Boston မှာ လုံခြုံရေးတွေ ခရီးသွားလာရေးတွေကို တင်းကြပ်လိုက်တဲ့အပြင်၊ အမေရိကန်ပြည်ထောင်စု အခြားမြို့ကြီးတွေ ဖြစ်ကြတဲ့ မြို့တော် Washington D.C.၊ New York၊ Los Angeles၊ San Francisco မြို့တွေမှာလည်း လုံခြုံရေးအခြေအနေတွေကို တိုးမြှင့်လိုက်တယ်လို့ သိရပါတယ်။

http://www.voanews.com/content/two-explosions-at-boston-marathon-finish-line/1641893.html
XS
SM
MD
LG