သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Boston ဗုံးဖောက်ခွဲသူကို တရားဝင်စွဲချက်တင်


အသက် ၁၉ နှစ်အရွယ် ဘော့စတွန်ဗုံးခွဲသူ Dzhokhar Tsarnaev
အသက် ၁၉ နှစ်အရွယ် ဘော့စတွန်ဗုံးခွဲသူ Dzhokhar Tsarnaev
Boston မာရသွန်ပွဲ ဗုံးခွဲမှုနဲ့ ဆက်နွယ်ပြီး အသက်ရှင် ကျန်ရစ်တဲ့ သံသယရှိသူကို လူတွေ အစုလိုက် သေစေနိုင်တဲ့ လက်နက် အသုံးပြုမှုနဲ့ အမေရိကန် အာဏာပို်င်တွေက တရားရုံး အမှုတင်လိုက်ပါပြီ။ လူ ၃ ဦးသေဆုံးပြီး ၁၇၀ ကျော် ထိခိုက်ဒဏ်ရာ ရစေခဲ့တဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက Boston ဗုံးကွဲမှုမှာ ပါဝင်ပတ်သက်တယ်လို့ စစ်ဆေးတွေ့ရှိရင်တော့၊ ဒီစွဲချက်ဟာ သေဒဏ်အထိ အပြစ်ဒဏ် စီရင်ခံရနိုင်ပါတယ်။

Boston ဗုံးကွဲမှုကို ပြုလုပ်သူလို့ သံသယဖြစ် ခံထားရတဲ့ အသက် ၁၉ နှစ်အရွယ် ဂျိုဟာ ဇနာရဖ် (Dzhokhar Tsarnaev) ဟာ လက်ရှိအားဖြင့် ဆေးရုံမှာ တင်ထားရတုန်းပါ။ အာဏာပိုင်တွေကတော့ ဒီပေါက်ကွဲမှု ဖြစ်စဉ်နောက်ကွယ်က ဖြစ်ရပ်နဲ့ အကြောင်းတရားတွေကို ဆက်ပြီး စုံစမ်းနေပါတယ်။

သူဟာ တခြားသူတွေရဲ့ ပစ္စည်းဥစ္စာတွေကို ထိခိုက်စေမှုနဲ့လည်း စွဲချက်တင် ခံထားရပါတယ်။ ဒါတွေကို ကြည့်မယ်ဆိုရင်တော့ အပြစ်မဲ့ အမေရိကန် ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်သူတွေနဲ့ အမေရိကန် မြို့ရွာတွေကို အကြမ်းဖက်ဖို့ ကြိုးပမ်းသူတွေဟာ ရာဇဝတ်ဘေးကနေ ပြေးမလွတ်နိုင်ဘူးဆိုတာ ပြတာပဲလို့ အမေရိကန်အစိုးရ ရှေ့နေချုပ် အဲရစ် ဟိုဒါ (Eric Holder) က ပြောပါတယ်။

အခုလို စက်ဆုပ်ဖွယ် အကြမ်းဖက်မှုတွေကို ကျူးလွန်သူတွေအနေနဲ့ ဥပဒေအတိုင်း အပြစ်ပေး အရေးယူခံရမှာ ဖြစ်တယ်လို့လည်း ရှေ့နေချုပ် အဲရစ် ဟိုဒါ (Eric Holder) က ပြောပါတယ်။

ဇနာရဖ် (Tsarnaev) ဟာ အခု တင်းကြပ်တဲ့ လုံခြုံရေးအောက်မှာ ဆေးရုံတင်ခံထားရပါတယ်။ ဖမ်းဆီးခံရစဉ် ရတဲ့ ဒဏ်ရာတွေကြောင့် စကားမပြောနိုင်ပါဘူး။ ဒါပေမဲ့လည်း သူဟာ စာရေးပြီးတော့ မေးခွန်းတွေကိုတော့ ဖြေဆိုနိုင်တယ်လို့ သိရပါတယ်။ သူကို လာမယ့် မေလ ၃၀ ရက်နေ့မှာ တရားရုံး စထုတ်လိမ့်မယ်လို့ သိရပါတယ်။
XS
SM
MD
LG