သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

BPရေနံကုမ္ပဏီ ဒေါ်လာ သန်း ၄ ထောင်ကျော် ဒဏ်ဆောင်ရမည်


Người dân Syria đi lại trong thành phố ốc đảo cổ Palmyra, cách Damascus 215 km về phía đông bắc.
Người dân Syria đi lại trong thành phố ốc đảo cổ Palmyra, cách Damascus 215 km về phía đông bắc.
မက္ကဆီကို ပင်လယ်ကွေ့မှာ ရေနံယိုဖိတ်မှုတွေ နဲ့ လူကိုပါသေဆုံးစေတဲ့ ပေါက်ကွဲမှုဖြစ်ပွါးစေမှုနဲ့ ပါတ်သက်ပြီး ဗြိတိသျှ ရေနံကုမ္မဏီ BP မှာ အပြစ်ရှိကြောင်းနဲ့ ဒဏ်ကြေးငွေအဖြစ် ဒေါ်လာ သန်းပေါင်းလေးထောင်ငါးရာ (သန်း ၄၅၀၀) ပေးဆပ်ဖို့ ကိစ္စကို BP ရေနံကုမ္မဏီ က သဘောတူညီခဲ့ပါတယ်။

ဒီသဘောတူညီချက်အရ ရေနက်ဒေသ ပေါက်ကွဲမှုမှာ လုပ်သား ၁၁ဦးသေဆုံးစေခဲ့တာမို့ ဒီသေဆုံးမှု ၁၁မှုအတွက် အပြစ်ရှိကြောင်း BP ကုမ္မဏီ က ကြာသာပတေးနေ့မှာ ဝန်ခံခဲ့ပါတယ်။ ဒါ့အပြင် လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့် အာဏာကို နှောက်ယှက်မှု အတွက် အပြစ်ရှိကြောင်းလည်း ဝန်ခံခဲ့ပြီး ဒဏ်ကြေးငွေအဖြစ်နဲ့ လုံခြုံရေးနဲ့ ငွေကြေးကော်မရှင်ကို ဒေါ်လာသန်းပေါင်း ၅၂၅သန်း ပေးဆောင်ဖို့ သဘောတူခဲ့ပါတယ်။

၂၀၁၁ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှာ မက္ကဆီကို ပင်လယ်ကွေ့မှာရှိတဲ့ BP ရေနံတွင်း ပေါက်ကွဲမှုကြီးအပြီး ရေနံယိုစိမ့်မှုတွေ ဖြစ်ပွါးခဲ့တာဟာ ရေနံလုပ်ငန်းသမိုင်း တစ်လျှောက်မှာ အကြီးမားဆုံး ရေနံယိုစိမ့်မှု ဖြစ်ပါတယ်။

သုံးလတာ ကာလအတွင်း ရေနံစိမ်းစည်ပေါင်း ငါးသန်းလောက် ပင်လယ်ကွေ့ဒေသထဲကို ယိုစိမ့်ခဲ့တာပါ။ ဒီမတော်တဆဖြစ်ပွါးမှုကနေ အသက်တွေပါ ဆုံးရှုံးခဲ့ရပြီး ရေနံယိုစိမ့်မှုတွေ ဖြစ်ပွါးခဲ့ရတဲ့ အတွက် BP ရေနံကုမ္မဏီ အနေနဲ့ ဝမ်းနည်းကြေကွဲမှု ဖြစ်ရကြောင်း ကုမ္မဏီရဲ့ အမှုဆောင် ဥက္ကဌ Bob Dudley ကပြောကြားခဲ့ပါတယ်။
XS
SM
MD
LG