သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

WTO အကြီးအကဲသစ်အဖြစ် ဘရာဇီးသံအမတ်ကိုခန့်


ဘရာဇီးသံအမတ်ကြီး Roberto Azevedo
ဘရာဇီးသံအမတ်ကြီး Roberto Azevedo
WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးအတွက် အကြီးအကဲသစ်အဖြစ် WTO ဆိုင်ရာ ဘရာဇီးသံအမတ်ကြီး ရိုဘာတို အဇေဗီရဲဒို (Roberto Azevedo) ကို WTO က ရွေးချယ်လိုက်ပါတယ်။

ပထမဆုံး လက်တင် အမေရိကတိုက်သား တစ်ယောက်အဖြစ် WTO အကြီးအကဲကို ရွေးချယ်လိုက်တာဖြစ်ပြီး၊ စက်တင်ဘာလမှာ လက်ရှိအကြီးအကဲ ပတ်စ်ကယ်လ် လမီ (Pascal Lamy) ဆီကနေ ရာထူးတာဝန်ကို လွှဲပြောင်းယူရမှာ ဖြစ်ပါတယ်။ BRIC လို့ခေါ်ကြတဲ့ စီးပွားရေး ထွန်းသစ်စနိုင်ငံများ အဖွဲ့ဝင်နိုင်ငံ တစ်ခုကနေ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီးကို ဦးဆောင်ဖို့ ပထမဆုံး ရွေးချယ်ခံရတာလည်း ဖြစ်ပါတယ်။

WTO အဖွဲ့ဝင်တွေကြား ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ သဘောတူညီမှုတွေကို ၂၀၀၁ ခုနှစ်ထဲက ညှိနှိုင်းမရနိုင် ဖြစ်နေကြပါတယ်။ လယ်ယာထွက်ကုန်တွေအပေါ် အထောက်အပံ့ပေးရေးကိစ္စ၊ ထုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်သတ်မှတ်တဲ့ကိစ္စနဲ့ ကမ္ဘာ့ဈေးကွက်ကို ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဝင်ရောက်နိုင်တဲ့ အခွင့်အလမ်းတွေနဲ့ပတ်သက်လို့ အဖွဲ့ဝင်နိုင်ငံတွေကြား သဘောတူမှုတွေ မရနိုင်ကြသေးပါဘူး။

ဒီကိစ္စတွေက WTO အကြီးအကဲသစ် ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။ ၆ လကြာတဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးရဲ့ အကြီးအကဲသစ် ရွေးချယ်မှုကနေ မစ္စတာ ရိုဘာတို အဇေဗီရဲဒို (Roberto Azevedo) ကို ရွေးလိုက်တဲ့အပေါ် ဘရာဇီးသမ္မတ (Dilma Rousseff) က ကြိုဆိုခဲ့ပြီး၊ ဒီရွေးချယ်မှုဟာ ဘရာဇီးနိုင်ငံနဲ့ BRICS အဖွဲ့ထက် WTO အဖွဲ့ကြီးအတွက် အောင်မြင်မှု ဖြစ်တယ်လို့ ဖော်ပြပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG